



(၁) လွှတ်တော်များ၏အခန်းကဏ္ဍကို မဲဆန္ဒရှင်ပြည်သူများက မေးခွန်းထုတ်နေကြပြီ။


(၂) မိမိတို့ပါတီက ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ်ဟူသောဂုဏ်ပုဒ်နှင့်အညီ အလုပ် လုပ်ကြ၊ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြ။
(၃) မိမိတို့ကိုယ်စားလှယ်ရွေးချယ်ခြင်းမခံရသော နယ်မြေရှိ ပြည်သူများ၏ဆန္ဒနှင့်အခက်အခဲများကိုလည်း သိအောင်လုပ်၊ လွှတ်တော်မှာ ဆွေးနွေးပေးကြ။
(၄) အပြန်အလှန်ထိန်းကျောင်းမှုဟန်ချက်ပျက်နေသော လွှတ်တော်အရပ်ရပ်တွင် ဒီမိုကရေစီတန်ဖိုးများ ပြန်လည်အသက်ဝင်ရေးအတွက် မိမိတို့ကိုယ်စားလှယ်များက ရှိသည့် အင်အားဖြင့် မဆုတ်မနစ်ကြိုးပမ်းကြ။
(၅) ဘင်္ဂါလီများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာပြီး အမျိုးသားရေးသတိ အစဉ်ရှိကြ။


(၂၁-၁၀-၂၀၁၇) ရက်နေ့ ဗဟိုအလုပ်အမှုဆောင်(ကရင်ပြည်နယ်တာဝန်ခံ) ဦးသူရိန်ဇော် ၊ ပြည်နယ်ပါတီဥက္ကဌ ဦးစောမြင့်ဦး ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲ့ပလဲ့ကျေးရွာအုပ်စု စမ္ပါ လိုက်ကျေးရွာသို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကန်တော့ခြင်း ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ကျေးရွာပါတီဝင်များအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားခြင်း ကျေးရွာပါတီဝင်များကိုယ်စား ကျေးရွာသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း ပါတီဝင်အဆိုပြုလွှာများပေးအပ်ခြင်း လိုအပ်ချက်များအား တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာဓမ္မာရုံအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ပါသည်။
ရန်ကုန် အောက်တိုဘာ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ပါတီကိုယ်စားပြု အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့သည်။

ပျောက်ဆုံး တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်မှ လေယာဉ်မှူးနှင့် လေယာဉ် အပိုင်းအစများအား ဆက်လက်ရှာဖွေနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။


“ဂွမြို့နယ်၊ ရခိုင်ပြည်နယ်မှာတွေ့တယ် ကျွန်တော်တို့ ပုသိမ်မြို့အစပ် အဆက်အသွယ် ပြတ်တောက်သွားတဲ့နေရာ ၅ မိုင်ခန့်အကွာမှာ တွေ့ရှိတယ်လို့ ကြားရပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မကျည်းစင် ဧရိယာ အစပ်မှာတွေ့ရှိရတယ်။ လောလောဆယ်တော့ လေယာဉ်မှူးတွေတော့ မရှိရသေးပါဘူး။ လေယာဉ်မှူးတွေနဲ့ ပစ္စည်းအပိုင်းအစတွေကို ဆက်လက်ရှာဖွေသွားနေဆဲ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများနှင့် ဒေသခံတိုင်းရင်းသားများအား သီးခြားနေရာခွဲ ချထားပေးရန်အပါအဝင် အချက် ၅ ချက်ပါ အစီရင်ခံစာအား ဒေသခံတိုင်းရင်းသားများက စုပေါင်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က မဇ္ဈိမသို့ပြောသည်။ အဆိုပါ အချက် ၅ ချက်ပါ အစီရင်ခံစာအား ဘူးသီးတောင်နှင့် မောင်တောဒေသရှိ ဒေသခံတိုင်းရင်းသားများက စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ယခုတစ်ပတ်အတွင်း ပေးပို့သွားမည်ဖြစ်ပြီး ရခိုင်အမျိုးသားကွန်ရက် အပါအဝင် လူမှုကွန်ရက်အဖွဲ့အစည်းများက ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန် လွှတ်တော် အမတ်တွေက တိုက်တွန်းလိုက ကြပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့် တားမြစ်တာလို ဒဏ်ခတ်မှုမျိုးတွေ ပြန်လည် ကျင့်သုံးဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို အောက်လွှတ်တော်အမတ် ၄၀ ကျော်က လက်မှတ်ရေးထိုး တိုက်တွန်းခဲ့ကြကြောင်း Reuter သတင်းမှာ ဖော်ပြထားတာပါ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပြီးပါက စည်ပင်သာယာရေးဌာန သုံးခုကလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ မူကြမ်း စိစစ်ရေးကော်မတီဝင် ဦးလှဌေးက ပြောသည်။
ကော်မတီတွင် စီးပွားရေး နှင့် စီမံခန့်ခွဲရေးဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန သုံးခုမှလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းကာ ယင်းဖျက်သိမ်း ဌာနများ၏ လုပ်ငန်းဆိုင်ရာများကို အသစ်ရွေးချယ်ခံရသည့် စည်ပင်သာယာရေး ကော်မတီဝင်များက အုပ်ချုပ်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။


သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဇော်အောင်နှင့် လူငယ်ပါတီဝင်များ သံတွဲမြို့နယ် ကညင်ကွင်းကျေးရွာအုပ်စု မျှားချောင်း ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စတုတ္ထတန်းမှ သတ္တမတန်းထိ ကျောင်းသား/သူ (၅၆) ဦးအတွက် (ဓမ္မကျောင်း တော်) အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ အပိုင် (၁) စာအုပ် (၅၆) အုပ်နှင့် ကျောင်းစာကြည့်တိုက်အတွက် မဂ္ဂဇင်းနှင့် သုတရသစာအုပ် (၂၃) အုပ်၊ ဂျာနယ် (၅၈) စောင်တို့အား ဥက္ကဌနှင့် လူငယ်ပါတီဝင်များမှ ၂၀.၁၀.၂၀၁၇ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် သွားရောက်လှူဒါန်းရာ ကျောင်းအုပ်ကြီး နှင့် ကျောင်းသား/ သူများမှ လက်ခံရယူကြပါသည်။


မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးကျော်ကျော်လွင် ၊ မြို့နယ် အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ကမာဝက်မြို့ ရှမ်းစုရပ်ရှိ အောင်တော်မူကျောင်းထိုင်ဆရာတော်မှ ဦးစီးဦးဆောင် တည်ထောင် ထားသည့် ” မြတ်မေတ္တာ” ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းအတွက် ငွေပဒေသာပင် (၁) သိန်းကျပ်ကို ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။