ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဒုတိယအတွင်းဝန်တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။
‘‘ဖေဖော်ဝါရီထဲမှာ ကုလသမဂ္ဂရဲ့စာရင်းထွက်တော့ သူ့နာမည်ပါတဲ့အခါကျတော့ ကျွန်တော်တို့က မြောက်ကိုရီးယားသံရုံးကို ပြောလိုက်တယ်။ အဲဒီလိုပါတဲ့သူတော့ ငါတို့ဆက်ထားလို့မရဘူး။ မင်းတို့အနေနဲ့ ဒီလူကို သက်ဆိုင်ရာနိုင်ငံကို ပြန်ထွက်ခွာအောင်လုပ်ပေးပါလို့ ပြောတဲ့အခါ လုပ်ပေးပါတယ်။ သူက မြန်မာပြည်ရောက်တာ လပိုင်းပဲရှိသေးတယ်။ တကယ်တမ်း သူပြန်ထွက်တဲ့အချိန်ရောဆို ခြောက်လ မပြည့်သေးဘူး ထင်တယ်’’ဟု ဦးကျော်ဇေယျက ပြောသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်