တရားမဝင် လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များ အမြန်ဆုံး လာရောက် အပ်နှံရန် ပြည်ထဲရေးအသိပေး

တရားမဝင်လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များကို နီးစပ်ရာ တပ်၊ ရဲစခန်း၊ ရဲတပ်ဖွဲ့မှူးရုံးများ သို့ အမြန်ဆုံးလာရောက်အပ်နှံကြ ရန် နိုင်ငံပိုင်ရုပ်သံက ယမန်နေ့ည ၈ နာရီတွင် ထုတ်ပြန်ကြေညာသည်။ လာရောက်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ် ရရှိပါက တရားဥပ ဒေနှင့်အညီ အရေးယူမည်ဟုပြည် ထဲရေးဝန်ကြီးဌာနက အသိပေး ကြေညာခြင်းဖြစ်သည်။

မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းကို ကန်နိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ရက်ဇ် တေလာဆင်က ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ် ခေါင်းဆောင်တွေမှာ တာဝန် ရှိတယ်လို့လည်း ဝန်ကြီး တေလာဆင်က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

သီ​ပေါတွင်​ သန်း​ခေါင်​စာရင်းဆိုင်​ရာ အချက်​အလက်​များ အသိပေး ရှင်းလင်းပွဲသို့ ပြည်​နယ်​ ခရိုင်​ မြို့နယ်​ပါတီမှ တက်​​ရောက်

သီ​ပေါမြို့နယ်​အဆင့်​ သန်း​ခေါင်​စာရင်းဆိုင်​ရာ အချက်​အလက်​များ အသိပေး ရှင်းလင်းခြင်းနှင့်​ ​ဆွေး​နွေးခြင်းကို ၁၆.၁၀.၂၀၁၇ နံနက် (​ ၁၀း၀၀) နာရီအချိန်က မြို့နယ်​ ​ထွေ/အုပ်​ ခန်းမ ၌ ကျင်းပခဲ့ပါသည်။

ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​ ဗဟိုအလုပ်​အမှု​ဆောင် ​ဦးမြင့်​စိုးတို့ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိ

မြစ်​ကြီးနား ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ၊ ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​၊ ဗဟိုအလုပ်​အမှူဆောင်​ ဦးမြင့်​စိုးတိုသည်​ ယ​မန်နေ့နံနက်​ (၁၁း၂၀) နာရီအချိန်​ခန့်​တွင်​ လေ​ ကြောင်းခရီးဖြင့်​ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိလာရာ ပြည်​နယ်​အတွင်း​ရေးမှူး ဦးစိုးသိန်းနှင့်​ ပြည်​နယ်​/ခရိုင်​/// မြို့နယ်​နှင့်​ ရပ်ကွက်​​ကျေးရွာ ပါတီ​ကော်မတီဝင်​များက ​လေဆိပ်​၌ ကြိုဆိုနှုတ် ဆက်​ ခဲ့ကြပါသည်​။

Crd;


ရှေးဟောင်းသမိုင်းဝင် ပင်းတယရွှေဥမှင် စေတီတော်အား ဖူးမျှော်ကြည်ညိုပြီး အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်

တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမှင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ စေတီတော်ဂေါပကအဖွဲ့အား ရှေ့ဟောင်သမိုင်းဝင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ စေတီတော်ဂေါပကအဖွဲ့မှ ပေးအပ်သော ရွှေဥမှင်အမှတ်တရ ဓာတ်ပုံအားလက်ခံရယူခဲ့သည်။

တယ်ပင် ဝါတရာ ရှောက်ပင်ကျေးရွာများမှ ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ပင်းတယမြို့နယ် တယ်ပင်ကျေးရွာ ဝါတရာကျေးရွာ ရှောက်ပင်ကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု ဆင်လည်ကျေးရွာ၊ ငှက်ပျောကျေးရွာ များ ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက် အားပေး

ရှမ်းပြည်နယ် တောင်ပိုင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ယနေ့ နံနက် ၁ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု ဆင်လည်ကျေးရွာ၊ ငှက်ပျောကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိအစိုးရ ကြိုးစားဆောင်ရွက်နေမှု ဦးသိန်းစိန် အသိအမှတ်ပြုဟု KNU ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး လက်ရှိအစိုးရကြိုးစားဆောင်ရွက်နေမှုကို သမ္မတဟောင်းဦးသိန်းစိန် က အသိအမှတ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ သမ္မဟောင်းဦးသိန်းစိန်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးဦးဆောင်သည့် အဖွဲ့ သည် အောက်တိုဘာ ၁၆ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် ဦးသိန်းစိန်က ယင်းသို့ပြောကြားကြောင်း ၎င်းက ဆိုသည်။

ကုလနိုင်ငံရေးရာ ဌာနအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ကို သီးခြားစီတွေ့ဆုံ

ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲ ဒုတိယအတွင်း ရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲ့လ် မန် ဦးဆောင်သော အဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို အောက်တိုဘာ ၁၆ ရက်က သီးခြားစီ သွားရောက်တွေ့ဆုံခဲ့သည်။