ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်ပုဒ်များ အသစ်တင်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးမင်းအောင်မွန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ အောက်တိုဘာ (၂၅) ရက်နေ့တွင် ကျိုက်မရောမြို့ရှိ ရန်မျိုးအောင်ရပ်ကွက်နှင့် ဘိန်းဗျောကျေးရွာ အုပ်စု နန်စမ်းကျေးရွာနှင့် ပိန်းနဲကုန်းကျေးရွာတို့တွင် ပါတီဆိုင်ပုဒ်အသစ်များ စိုက်ထူ ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များသည် အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ် ပါတီရုံး၌ ကျင်းပသော အင်္ဂပူမြို့နယ် အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးကော်မတီများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

၂၀၁၈ မော်တော်ယာဉ်မူဝါဒသစ်ကို ပြင်ဆင်ရန်မရှိဟု စီး/ကူးဒုညွှန်ချုပ်ပြော

၂၀၁၈ တွင်စတင်ကျင့်သုံးမည့် မော်တော်ယာဉ် မူဝါဒသစ်သည် ကောင်းမွန်သောစနစ်ဖြစ်ပြီး ပြန်လည်ပြုပြင်ရန် ညှိနှိုင်းဆွေးနွေးနေခြင်းမျိုး မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်းကပြောသည်။ ‘‘မူဝါဒထုတ်ပြီးတဲ့နောက်မှာ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးပြန် လုပ်တယ် ဆိုတဲ့ သတင်းတွေဟာ မှားပါတယ်။ မဟုတ်ပါဘူးခင်ဗျာ’’ဟု ဦးမင်းမင်းက ပြောသည်။

ရခိုင်ဒေသပြန်လည်နေရာချထားရေး နိုဝင်ဘာတွင် ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် အပါအဝင် အချက် ၁၀ ချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူ

မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးကို ယမန်နေ့အစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို နေပြည် တော်တွင် ပြုလုပ်ခဲ့ပြီး အချက် ၁၀ ချက် သဘောတူညီမှုရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးများနှင့် ဝန်ကြီးအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်ကနေပြည်တော် ရှိ Horizon Lake View Hotel နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး တို့တွင် ပြုလုပ်ခဲ့ပြီး သဘောတူညီ ချက်များကို ချမှတ်နိုင်ခဲ့သည်။

ပါတီဝင်အဆိုပြုလွှာနှင့် ပါတီကြေးပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲဝင်များသည် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်တွင် မြန်အောင်မြို့နယ် အိုးဘိုကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ ငါးထပ်ကြီးဘုရားဝင်း ဓမ္မာရုံတွင်ကျင်းပသော ပါတီဝင် အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဆွေးနွေးပွဲ၌ အဆိုပြုချက် ခုနစ်ချက် သဘောတူနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့၏ သတ္တမအကြိမ်မြောက် နှစ်ရက်ကြာဆွေးနွေးမှုတွင် အဆိုပြုချက် ခုနှစ်ချက်အား သဘောတူဆွေးနွေးနိုင်ခဲ့ ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။

မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲတွင် သေနတ်ထောက် အနုကြမ်းစီးမှု ဖြစ်ပွား

မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ကန်ဖျားလမ်းမကြီးတွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲမှာ အောက်တိုဘာလ ၂၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က အမည်မသိအမျိုးသားတဦးမှ သေနတ်ထောက်ပြီး အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဘဏ်မှာငွေလာလွှဲသူတဦးက ပြောပါတယ်။

အနုကြမ်းစီးသွားတဲ့ အမျိုးသားဟာ ကန်ဖျားလမ်းဆုံဘက်မှ ပိတောက်ပင်လမ်းဆုံ ဘက်သို့ မောင်းနှင်လာပြီး ကမ္ဘောဇဘဏ်ခွဲရှေ့မှာ ရပ်နားကာ ဘဏ်ခွဲတွင်းသို့ ငွေလွှဲဖို့ ၀င်ရောက်လာသူကို သေနတ်နဲ့ ထောက်ပြီး ဘဏ်ခွဲမှတာဝန်ရှိသူကို အမိန့်ပေး ငွေထုတ်ယူသွားကြောင်း သိရပါတယ်။

နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း [၁/၂၀၁၇] ဖွင့်ပွဲအခမ်းအနား

ရန်ကုန် အောက်တိုဘာ ၂၄
 
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန် အရှေ့ပိုင်းခရိုင်မှ ကြီးမှူးကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက် ၈ နာရီ ၃၀ မိနစ်က ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး၌ ကျင်းပခဲ့ပါသည်။
 
အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းအတွင်းရေးမှူး ဦးသာဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
 
အလှူရှင်များက အလှူငွေပေးအပ်ခြင်းကို အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်မှ အလှူငွေများ လက်ခံခဲ့ပါသည်။ အခမ်းအနားသို့ တ်ုင်းဒေသ ကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များ မြို့ နယ် ပါတီ ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်ပါတီကော်မတီဝင် သင်တန်းသား ၄၂ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နံနက် ၉ နာရီအချိန် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဝင်လူငယ်ထု တွေ့ဆုံပွဲကျင်းပ

အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဝင်လူငယ်ထု တွေ့ဆုံပွဲအား ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမဆောင်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်တွင်ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များနှင့် မြို့နယ် ၂၆ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်ကိုယ်စားလှယ် ၁၂၀၀ ဦးခန့်တက်ရောက်ခဲ့သည်။