ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

အောက်တိုဘာလ (၂၆) ရက်နေ့ (၁၆း၀၀) နာရီအချိန်၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ဖွင့်လှစ်သည့် ” နိုင်ငံရေးစီမံ ခန့် ခွဲမှုနည်းပြသင်တန်း ” ဆင်းပွဲအခမ်းအနား ကို အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

မြန်မာကို ပြင်းထန်စွာ အရေးယူဖို့ ရန်ဟီးလီက လုံခြုံရေးကောင်စီကို တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကျပ်အတည်းကိစ္စအပေါ် လုံခြုံရေးကောင်စီ အနေနဲ့ ဒီထက် ပိုမိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်ချ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာလက်ခံရေး ပူးပေါင်းဆောင်ရွယ်မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံပူးပေါင်း အလုပ်အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ဖွဲ့စည်းပုံ TR ပေါ်မှာ အခြေခံပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ ဘင်္ဂလာဒေ့ရှ်ပြည်ထဲရေး ၀န်ကြီး Khan က သတင်းထောက်တွေကို ပြောဆိုကြောင်း Daily Star သတင်းစာမှာရေးပါတယ်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းရန်မသင့်ကြောင်း ရခိုင်အမျိုးသားပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏လုပ် ပိုင်ခွင့်ကို ချုပ်ကိုင်ထားရာရောက် ပြီး ဥပဒေပြုအဖွဲ့များကို ဗဟိုဦးစီး စနစ်ဖြင့် ထိန်းချုပ်သကဲ့သို့ဖြစ် လာနိုင်၍ မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကို ပြဋ္ဌာန်းရန်မသင့် ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များနှင့် ရခိုင် အမျိုးသားပါတီကိုယ်စားလှယ် များက ကန့်ကွက်ကြောင်း ဆွေး နွေးသည်။

သြစတြေးလျက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေး ဆက်လက်ထားရှိမည်

ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ ဗြိတိန်နှင့် အမေရိကန်တို့က မြန်မာနိုင်ငံနှင့်စစ်ဘက် ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ ရပ်ဆိုင်းသော်လည်း ဩစတြေးလျက ယင်းသို့တားမြစ်ရန် အစီအစဉ်မရှိ ကြောင်း သိရသည်။ ဩစတြေးလျက ကန်ဒေါ် လာ ၃၀၀,၀၀၀ တန်ဖိုးရှိ၎င်းတို့၏ မြန်မာနှင့် စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဟု ဩစတြေးလျ ကာကွယ်ရေး ၀န်ကြီးဌာနက ပြောသည်။

မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့

နယ်မြေတည်ငြိမ်အေး ချမ်းလာသဖြင့် ဘူးသီးတောင်- မောင်တောဒေသမှ လုံခြုံရေးတပ် ဖွဲ့ဝင်အချို့ စတင် ထုတ်နုတ်ကာ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားကြောင်း တပ်မတော်က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့က ဘူးသီးတောင် -မောင်တောဒေသရှိ ရဲကင်းစခန်း ၃၀ ကို တိုက်ခိုက်ခဲ့သည့် သြဂုတ်  ၂၅ ရက်က စတင်၍ ဒေသတွင်းလုံခြုံရေးကို တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့က တာဝန်ယူကာ နယ်မြေရှင်းလင်းရေးလုပ်ငန်း များလုပ်ဆောင်ခဲ့သည်။

အစိုးရနှင့် အပစ်ရပ်အဖွဲ့များ NCA သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် ဆိုင်ရာ လိုအပ်ချက်များ သုံးသပ်ပြင်ဆင်ရန် အစိုးရနှင့် စာချုပ်တွင် ပါဝင်လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ၌ အောက်တိုဘာ ၂၅ ရက်က စ၍ ကျင်းပခဲ့သည်။ ၂ နှစ်အတွင်း NCA ပါလုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှုနှင့်ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များ ပထမဆုံးအကြိမ် ပူးတွဲ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း ဖြစ်သည်။ 

သေနတ်သမားနှင့်ကြုံလျှင် တုံ့ပြန်ရမည့်အစီအစဉ်ကို ဘဏ်လုံခြုံရေးများအား သင်တန်းပေးရန် ဘဏ်လုပ်ငန်းအကြံပေး အကြံပြု

မြိတ်မြို့ ကမ္ဘောဇမီနီဘဏ်ခွဲတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေလုယူခံရပြီးနောက် ဘဏ်လုံခြုံရေးဝန်ထမ်းများ သေနတ်သမားနှင့်ကြုံတွေ့ပါက တုံ့ပြန်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍ သီးသန့် သင်တန်းများ စီ စဉ်ပေးရန် လိုအပ်လာပြီဟု ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက အကြံပြုပြောကြားသည်။

ပါတီဝင်လူငယ်များ၏ လတ်တလောအခြေအနေဆွေးနွေးပွဲသို့ ဗဟို အတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြား

မန္တလေး အောက်တိုဘာ ၂၅

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်သည့် ခရိုင်အတွင်းရှိ ပါတီ ဝင်လူငယ်များတွေ့ဆုံ၍ လတ်တလော ဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ စကားဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။