

မိတ္ထီလာ နိုဝင်ဘာ ၁၃
မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့တွင် မြို့တွင်းသို့ လှည့်လည်ပြီး ဂဠုံအုပ်စု ဂဠုံကုန်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းကာ ယနေ့နံနက် ၉ နာရီ အချိန်က ကထိန်တရားတော်များနာယူကာ ရေစက်သွန်းချအမျှအတန်းပေးဝေပြီး ပင့်သံဃာ ၁၂ ပါးတို့အား နေ့ဆွမ်းများ ဆက်ကပ် ပူဇော်ကြသည်။












