ပြည်နယ်ပါတီအတွင်းရေးမှူး သံဖြူဇရပ်မြို့နယ်ပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

သံဖြူဇရပ် အောက်တိုဘာ ၂၃

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များသည် အောက်တိုဘာလ ၂၃ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်ရုံးရေးမှူးများ နှင့်တွေ့ဆုံခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးတွင် နေအိမ် ၂၂ လုံးနှင့် စာသင်ကျောင်း ၂ လုံး ပြိုကျပျက်စီး

ရန်ကုန်၊ အောက်တိုဘာလ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၂ လုံးနှင့် အခြေခံပညာမူလတန်းကျောင်းဆောင် ၂ လုံး ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဘဏ္ဍာရေးနှစ်သတ်မှတ်ချက် ပြောင်းလဲရန် လွှတ်တော်တွင် ဆွေးနွေးနေဆဲ

 

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်ပြမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က အောက်တိုဘာ ၂၃ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အကြံပြုဆွေးနွေးလိုက်သည်၊၊

“နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော မြန်မာနိုင်ငံ၏ ဘဏ္ဍရေးနှစ်ပြောင်းလဲသတ်မှတ်သည့် ကိစ္စအား နိုင်ငံတော်၏ နိုင်ငံရေး စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနှင့် ဆက်စပ်နေပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ဖြစ်သည့်အတွက် အဆောတလျင် အတည်မပြုသင့်ဘဲ ဘက်ပေါင်းစုံမှ ပြန်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း အကြံပြု လိုပါတယ်”ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက ပြောသည်၊၊

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေ ကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိ

ရန်ကုန်၊ အောက်တိုဘာလ ၂၃

 ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အလှူငွေစုစုပေါင်းမှာ အောက်တိုဘာလ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၇၂,၅၃၅ ရှိပြီဖြစ်ကြောင်း သိရသည်။

ကုလပိတ်ဆို့မှုစာရင်းတွင်ပါသော မြောက်ကိုရီးယား သံတမန်တစ်ဦးကို မြန်မာအစိုးရ ပြည်နှင်ဒဏ်ပေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဒုတိယအတွင်းဝန်တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

‘‘ဖေဖော်ဝါရီထဲမှာ ကုလသမဂ္ဂရဲ့စာရင်းထွက်တော့ သူ့နာမည်ပါတဲ့အခါကျတော့ ကျွန်တော်တို့က မြောက်ကိုရီးယားသံရုံးကို ပြောလိုက်တယ်။ အဲဒီလိုပါတဲ့သူတော့ ငါတို့ဆက်ထားလို့မရဘူး။ မင်းတို့အနေနဲ့ ဒီလူကို သက်ဆိုင်ရာနိုင်ငံကို ပြန်ထွက်ခွာအောင်လုပ်ပေးပါလို့ ပြောတဲ့အခါ လုပ်ပေးပါတယ်။ သူက မြန်မာပြည်ရောက်တာ လပိုင်းပဲရှိသေးတယ်။ တကယ်တမ်း သူပြန်ထွက်တဲ့အချိန်ရောဆို ခြောက်လ မပြည့်သေးဘူး ထင်တယ်’’ဟု ဦးကျော်ဇေယျက ပြောသည်။

သနပ်ပင်ပြည်ခိုင်ဖြိုးပါတီ နှုတ်မှုစွမ်းရည် ပြိုင်ပွဲဆုချီးမြှင့်

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှကျင်းပသည့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များတက်ရောက်ကြသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်သင်တန်းသားများအား ကျွေးမွေးလှူဒါန်း

မြင်းခြံမြို့နယ် အနိမ့်ကျေးရွာနှင့် အိုင်းမကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဓမ္မစကူးလ် သင်တန်းများတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ကျောင်းသားကျောင်းသူများအား မြင်းခြံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝေမျိုးဟန်၊ ဘဏ္ဍာရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဘိုသိန်းနိုင်တို့က ဦးဆောင်ပြီး အာဟာရဒါနအဖြစ် ရေခဲမုန့်ကျွေးမွေးပြီး ဖိနပ်များ ပေးအပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။

အမျိုးသမီးရေးရာလှုပ်ရှားမှုအဖြစ် စက်ချုပ်သင်တန်း (အခမဲ့) ဖွင့်လှစ်

ဒဂုံအရှေ့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အမျိုးသမီးရေးရာလှုပ်ရှားမှုအဖြစ် စက်ချုပ်သင်တန်း(အခမဲ့) ကို အောက်တိုဘာလ (၂၁) ရက်နေ့ (၀၉း၀၀) နာရီအချိန် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပခဲ့ပါသည် ။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ဒေါက်တာဦးကျော်စိုး၊ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့် ၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော်၊ ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ပါတီကော်မတီ ဝင်များ၊ ဧည့်သည်တော်များ၊ ရပ်/ကျေးပါတီအဖွဲ့ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည် ။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သောဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းနှင့်အဖွဲ့သည် (၂၂-၁၀-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဖာတီမာကုန်းကျေးရွာ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခဲ့ပါသည် ။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းနှင့်အဖွဲ့သည် နေ့လည်စာ သုံးဆောင်ပြီး နေ့လည် (၁၂း၃၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ရှင်း (၄)ကျေးရွာ ပါတီဝင်များဖြင့် တွေ့ဆုံရန် ဆက်လက်ကွင်းဆင်းခဲ့ကြပါသည်။
 
နေ့လည် (၁) နာရီတွင် ရန်ရှင်း(၄)ကျေးရွာ ပါတီခေါင်းဆောင် ဦးကျအူ အိမ်တွင် လက်ထောက်သူကြီး အာပရာဟန်နှင့်အတူ ပါတီဝင် (၃၀) ဦးဖြင့် တွေ့ဆုံ၍ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ် များကို အသေးစိပ်ဆွေးနွေးပြီး ကျေးရွာတင်ပြချက်များကို မှတ်တမ်းတင် ခြင်း၊ ကူညီဖြေရှင်းနိုင်ရေးကိစ္စများကို ညိုနှိုင်းခဲ့ကြပါသည်။
 
ထို့နောက် ဆက်လက်ပြီး ပါဘီးကျေးရွာသို့သွားရောက်ပြီး မမိုးလာ၊ အသက်(၂၂) နှစ် ခရစ်တော်တွင် အိပ်ပျော်ခြင်းနာရေးသို့ သွားရောက်၍ ဆုတောင်းခြင်း၊ နာရေးရှင်များအား အားပေးနှစ်သိမ့်ခြင်း၊ နာရေးကူညီ ငွေကျပ် (၂၀၀၀၀) ထည့်ဝင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေ(၁၆း၀၀)နာရီတွင် တာချီလိတ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
 
Crd;