စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ပျဉ်ချဆိပ်အုပ်စုတွင် ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့၌ ကျင်းပသော စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ကျုံပျော်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ အခမ်းအနားနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး အသစ်ဝင်ရောက်လာသော ပါတီဝင်များမှ ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြကြသည်။
ထို့နောက် ပါတီဝင်အသစ်များအတွက် ပါတီဝင်ကြေး ၁၃၅၀၀၀၀(တစ်ဆယ့်သုံးသိန်းငါးသောင်း) ကျပ်အားပေးအပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးညဏ်လင်းမှလက်ခံရယူပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ပါတီဝင်အသစ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီသီချင်းဖြင့် ရုပ်သိမ်းခဲ့သည်။

စမ်းကုန်းကျေးရွာရှိ ၉၃ရာခိုင်နှုန်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၊ အုတ်တွင်းအုပ်စု၊ စမ်းကုန်းကျေးရွာတွင် ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့၌ ကျင်းပသော ပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ကြံခင်းမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်မှ အခမ်းအနားနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး အသစ်ဝင်ရောက်လာသော ပါတီဝင် ဦးအေးနိုင်မှ ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြကြသည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေ ကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိ

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အလှူငွေစုစုပေါင်းမှာ အောက်တိုဘာလ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၇၂,၅၃၅ ရှိပြီဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ထိုးရေး UNFC နှင့် အစိုးရညှိနှိုင်းမှု ပြေလည်ရန် နီးစပ်နေပြီဟုဆို

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးရန်အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အချက် ၈ ချက်အနက် သုံးပုံ နှစ်ပုံကျော် ပြေလည်ပြီး အချက်အားလုံးပြေလည်ရန် လတ်တကမ်းအလိုရောက်လာပြီဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး ကပြောဆိုလိုက်သည်။

လူ့အခွင့်အရေးနောက်ကွယ်မှ နိုင်ငံလုံခြုံရေးထိခိုက်လာသည့်အပေါ် သတိထားရန် တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်အရေးကိစ္စမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေကို အကြောင်းပြုပြီး နောက်ကွယ်မှ ရည်ရွယ်ချက်ရှိရှိ ပြုမူလုပ်ဆောင်လာတာတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက် လာတဲ့အပေါ် အထူးသတိထား စောင့်ကြည့်ကာကွယ်သွားဖို့ တပ်မတော်က သဘောထားထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့တဲ့ အစွန်းရောက် ဘင်္ဂါလီတွေရဲ့  အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ်  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့  ထုတ်ပြန်လိုက် တာပါ။အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ လွန်စွာရှုပ်ထွေးတဲ့ အခြေအနေတွေ သမိုင်း နောက်ခံအကြောင်းအရာ အချက်အလက်တွေ များစွာရှိတာကို ဦးစွာလေ့လာသိရှိဖို့  လိုအပ်တယ်လို့လည်း တပ်မတော်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးတိုးမူဝါဒများအပေါ် မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာန အရေးပေါ် အစည်းအဝေးခေါ်မည်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ် ဆရာ၊ဆရာမများ၏ ရာထူးတိုး မူဝါဒများအပေါ် ဝေဖန်မှုများ၊ မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာနက ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်သည့် အရေးပေါ်အစည်းအဝေးခေါ်မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

ဘဏ္ဍာရေးနှစ်ပြောင်းလဲမှု အလောသုံးဆယ်မလုပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အချို့နဲ့ တပ်မတော်သားကိုယ်စားလှယ်အချို့ ထောက်ပြ

(နေပြည်တော် ၊ အောက်တိုဘာ ၂၃)

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်မှုနဲ့ပတ်သက်လို့ အလောသုံးဆယ် မလုပ်သင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အချို့တို့က ထောက်ပြလိုက်ပါတယ်။

“၄၃ နှစ် ကျင့်သုံးခဲ့တဲ့ ဘဏ္ဍရေးနှစ်ကို မဖြစ်မနေ ပြောင်းလဲကျင့်သုံးမယ်ဆိုပါက လက်ရှိကျင့်သုံးနေတဲ့ ဘဏ္ဍာရေးစနစ်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို သက်ဆိုင်သူတွေ ၊ အဖွဲ့အစည်းတွေ ၊ စိတ်ပါဝင်စား သူတွေနဲ့ အချိန်ယူ ဝိုင်းဝန်းစဉ်းစားပြီးမှသာဆောင်ရွက်သင့်ပါတယ်၊ အလောသုံးဆယ်ပြောင်းဖို့ မသင့်ပါဘူး”လို့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသောင်းစိန်ကပြောပါတယ်။

ပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးနှင့် ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးလူငယ်တွေ့ဆုံပွဲ

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးတက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။

#HtayWin
crd.photo


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျောင်းကုန်းမြို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ အောက်တိုဘာ ၂၃ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ရပ်မိ/ရပ်ဖ များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံ့ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဝင်များနှင့် ဒေသခံပြည်သူလူထု(၆၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်များ လိုက်ပါသောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။