
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ပြည်သူများကျန်းမာရေး အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်က (၄၂) ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ပြည်သူများကျန်းမာရေး အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်က (၄၂) ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၂/၂၀၁၇)နှင့် တက်ရောက်လာသူများအား ၂၀၁၇ နှစ်ကုန် ပျော်ပွဲရွှင်ပွဲအဖြစ် ဗလာမပါကံစမ်းမဲဖြင့် လက်ဆောင်ပစ္စည်းများ မဲဖောက်ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ (၉-၁၂- ၂၀၁၇) ရက်နေ့ နံနက် (၉) နာရီ မှ (၁၁း၃၀) နာရီအချိန်အထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စု နယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး (၃၆) အုပ်စုမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်များအပေါ် ယုံကြည်မှုမရှိကြောင်း ပြောဆိုခဲ့ခြင်းအပေါ် ရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့သည် ရပ်ကွက်၊ ကျေးရွာပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပွဲသို့ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဗဟို ကော်မတီဝင် ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ညောင်ဦးခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်း နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ၉၁ အုပ်စုမှ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယခုလ ၇ ရက် နံနက် ၁ဝ နာရီတွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ ရေနံကြီးအခြေစိုက်၊ မြို့ပေါ် ၉ ရပ်ကွက်၊ မြို့မတောင် အခြေစိုက်များမှ ပါတီဝင်များဖြင့် နှစ်လတစ်ကြိမ်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီအခြေခံအဖွဲ့ခေါင်းဆောင်များမှ ကျေးရွာများရှိ ပြည်သူလူထု၏အသံများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ ၄င်းနောက် ဗဟိုအတွင်းရေးမှူးက ဖြည့်စွက်ရှင်းလင်းပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။


ဒီဇင်ဘာ(၇)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့ ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်၊ကျေးစည်းမှူးများ တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျင်းပသော အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲကို ယခုလပထမပတ်အတွင်းက ပြည်တော်လှရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်တော်လှ ရပ်ကွက်အတွင်း အသက် (၇၅) နှစ်နှင့်အထက် အဘိုး၊ အဘွား ၅၄ ဦးအား လှူဖွယ်ပစ္စည်းများနှင့် သက်ကြီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ စီကို ပေးအပ်လှူဒါန်းခဲ့ရာ အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ ဆရာတော်သံဃာတော်များ အပါအဝင် မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သက်ကြီးအဘိုးအဘွား ၅၄ ဦး တက်ရောက်ခဲ့ကြသည်။

ဒီဇင်လဘာ (၈)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာတာဝန်ခံ) ဦးအောင်တင်မြင့် (ဦးက္ကန္ဒောဘာသ) သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီချိန် တွင် ဌာနချုပ်လူငယ်များနှင့်အတူ နေပြည်တော် ပျဉ်းမနားမြို့  ရွှေမင်းဝံတောင်တော် စိန္တာမုနိကျောင်းတိုက်ကြီး ဦးစီးပဓါနနာယက ဆရာတော်အရှင်စန္ဒိမာသာရအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဟောင်ကောင်အခြေစိုက် GRANTNESS Group Co.,Ltd ဥက္ကဋ္ဌ Mr. Chiu Wa၊ မြန်မာနိုင်ငံအခြေစိုက် Myanmar New Power International Co.,ltd ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းနှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် လာရောက်တွေ့ဆုံခဲ့သည်။

ရန်ကုန် ဒီဇင်ဘာ (၈) ရက်
ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန်ခွဲမှု(ဆင်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။