မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် စုပေါင်းဘုံကထိန်သို့ ပဒေသာပင်များ လှူဒါန်း

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၃၁.၁၀.၂၀၁၇ ရက်နေ့ မြို့နယ် စုပေါင်း ဘုံကထိန်သို့ ပဒေသာပင်လှူဒါန်းငွေ ကျပ်(၂၁၂၀၀၀) ၊ ပြည်ခိုင်ဖြိုး ကားဂိတ်အဖွဲ့ နှင့် ဈေးသူ/သားများမှ လှူဒါန်းငွေ ကျပ် (၄၉၈၁၀၀)ကျပ် စုစုပေါင်း မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျပ် (၇၁၀၁၀၀) စုပေါင်း၍် ပဒေသာပင် (၃) ပင်ဖြင့် သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။

ရခိုင်ဒေသမှာ NVC ကတ်ထုတ်တဲ့သူ ရာကျော်တိုးလာ

ရခိုင်ပြည်နယ်အတွင်း NVC ခေါ် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးရေးအတွက် လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ကွင်းဆင်း ဆောင်ရွက်နေရာမှာ NVC ကတ်တွေ မထုတ်ယူကြဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အခုအခါ NVC ကတ်ထုတ်ယူမှု အခြေအနေ အနည်းအပါး တိုးတက်လာတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။

NVC ကတ်လုပ်ရာမှာ ပူးပေါင်းကူညီတဲ့ ရွာသူကြီးတွေ အသတ်ခံရတာ ၁၇ယောက် ရှိပြီး ၃ယောက် ပျောက်နေတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

မထိပါးရဲသည့်နိုင်ငံ ဖြစ်လာစေရေး ခေါင်းဆောင်များက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 

နိုင်ငံတကာအလယ်တွင် မည်သူမျှ ထိပါးစော်ကားခြင်း မပြုလုပ်ရဲသည့်နိုင်ငံ ဖြစ်လာစေရေး လက်ရှိ ခေါင်းဆောင် များအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်စီမံကိန်းများအတွက် မြေသိမ်းရန်လိုလျှင် တရားမျှတစွာ ဆောင်ရွက်နိုင်ရန် မြေသိမ်းဥပဒေကို အမျိုးသားလွှတ်တော်သို့တင်သွင်း

နိုင်ငံတော်၏စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်စီမံကိန်းများတွင် မြေသိမ်းရန်လိုအပ်ပါက တရားမျှတစွာ သိမ်းဆည်းနိုင်ရေး အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီက ၂၀၁၇ မြေသိမ်း ဥပဒေကို အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ အထူးဦးစားပေးဆွေးနွေးရန် UPDJC ဆုံးဖြတ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍကို အထူး ဦးစားပေး ဆွေးနွေးရန် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၃၀ ရက်တွင်နေပြည်တော်၌ ကျင်းပခဲ့သည့် UPDJC အစည်းအဝေးပထမနေ့ တွင် ယခုကဲ့သို့ သဘောတူညီချက် ရခဲ့သည်။

ပြည်ခိုင်ဖြိုးတီမှ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ အလှူငွေများ လှူဒါန်း

စစ်တွေမြို့နယ် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ လိုအပ်လျက်ရှိသော ကုဋီတစ်လုံး တည်ဆောက်ရန်အတွက် အလှူငွေကျပ် ငါးသိန်းအား ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများသည် အဆိုပါဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ လှူဒါန်းခဲ့ကြသည်။

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးကုတ်ဝိပဿနာဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်သို့ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်း

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ရုံးအဖွဲ့များသည် (၂၉-၁၀-၂၀၁၇ ) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ရွှေနတ်တောင်ဘုန်းတော်ကြီးကျောင်းတိုက်သို့ စုပေါင်းဘုံကထိန်တွင် သွားရောက် ကူညီဆောင်ရွက်၍ ပါဝင်လှူဒါန်းခဲကြပြီး ( ၁၀း၂၀) နာရီအချိန်တွင် မိုးကုတ်ဝိပဿနာဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်သို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

credit >>> ko zaw

မိုးညှင်းမြို့နယ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးညှင်း (အောက်တိုဘာ-၃၀)

မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ နေ့လည် ၁ နာရီ အချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ မိုးညှင်းခရိုင်ကော်မတီ ဥက္ကဌ ဦးစိန်ဝင်းထွန်း၊ မြို့နယ်ဥက္ကဌ ဦးကြည်စိုး၊ အတွင်းရေးမှူး ဦးဌေးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက်ပြီး ပါတီလုပ်ငန်းပိုင်းဆိုင်ရာများ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ၁၉၉၃ ခုနှစ် သဘောတူညီချက် ကို ပြုပြင်ရန် ဆွေးနွေးနေသည့်အချက်များ ပြည်သူလူထုအား ပွင့်လင်း မြင်သာစွာချပြရန် ပြည်ခိုင်ဖြိုးပါတီ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီများ ပြန်လည် လက်ခံရေးအတွက် ၁၉၉၃ ခုနှစ် သဘောတူညီချက်အားပြုပြင်ရန် ဆွေးနွေးနေသည့် အချက်များကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြရန်လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် (ရန်ကုန်) တွင် အောက်တိုဘာ ၃၀ ရက်က လတ်တလော ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူ များနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦးက ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ယခင်နှစ်နိုင်ငံ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် ပြင်သင့်သည့်အချက်ကိုပြင်ဆင်ရန် အစိုးရအနေ ဖြင့် ဆောင်ရွက်နေသည့်အပေါ် ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအား သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“၁၉၉၃ သဘောတူညီချက် ရှိခဲ့ပြီးသားဖြစ်ပါတယ်။ ဒီပေါ်မှာမူတည်ပြီး တော့ လိုအပ်တာတွေကို နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမယ်ဆိုတာ၊ ဘယ်လို ဟာတွေ ညှိနှိုင်းဆွေးနွေးမယ်ဆိုတာ ကျွန်တော်တို့စောင့်ကြည့်နေပါ တယ်။ ဘယ်အချက်တွေကို အတိုးအလျှော့လုပ်မှာလဲ။ ဘယ်အချက်တွေ အသစ်ထပ်တိုးလာမှာလဲ။ ဘယ်အချက်တွေကို ဖြုတ်ချလိုက်မှာလဲ။ ဒီဥစ္စာ ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သဘောတူညီချက် ၁၀ ချက်ဆိုပြီး တော့ ထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီမှာ အပိုဒ် ၇ နဲ့ အပိုဒ် ၈။ ဒီနှစ်ခုက ဆက်စပ်မှုရှိတယ်။ ခင်ဗျားမေးတဲ့မေးခွန်းက အဲဒီထဲမှာပါပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့သည့် ဦ၀ဏ္ဏမောင်လွင်၏ ပြောကြားချက်များ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ ကိုဖီအာနန်၏ အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် ပြဿနာနှင့် အငြင်းပွားမှုများ ဖြစ်ပွားလာပါက လက်ရှိအစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်အမှုဆောင် ပါတီဝင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။