မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ရှမ်းမြောက် မိုးမိတ်၊ မဘိမ်း၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်များ၏ လေးမြို့နယ် လူငယ်တွေ့ဆုံပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
ဘောလခဲခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး
ဘောလခဲ ခရိုင် – ဒီဇင်ဘာ (၁၅) ရက်
၁၅-၁၂-၂၀၁၅ ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန် ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်နိုင်ရေး အတွက် စီမံချက်ပါအတိုင်း ဆပ်ကောက်မတီအလိုက် အသေးစိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးကြပါသည်။
ဒဂုံအရှေ့ ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်
ယနေ့ ဒီဇင်္ဘာလ (၁၅) ရက်နေ့ (၀၉း၀၀) နာရီအချိန်၌ ဒဂုံအရှေ့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် နိုင်ငံရေးစီမံ ခန့်ခွဲမှု (ဆင့်ပွါး) သင်တန်း ဖွင့်လှစ်ခဲ့ပါသည် ။
အခမ်းအနားသို့ အရှေ့ ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော်၊ မြို့ နယ်ပါတီဥက္ကဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးပါတီအဖွဲ့နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါသည် ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂ဝ၁၇) ဆက်လက်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ (၄/၂ဝ၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။
အစီအစဉ်အရ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ဌာနကြီးများ၊ ရေးရာ ကော်မတီများ၊ ဗဟိုလုပ်ငန်းအဖွဲ့အစည်း၊ လွှတ်တော်ရေးရာတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၇) ဆုံးဖြတ်ချက်များမှ ကောက်နှုတ်ချက်များ
တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းခြင်းလုံးပြိုင်ပွဲ ကျင်းပခြင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ (ဖလား) အပျော်တမ်းခြင်းလုံးပြိုင်ပွဲကို တာချီလိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းတွင် အသင်း (၉) သင်း ၀င်ရောက် ယှဉ်ပြိုင်ပြီး ယနေ့ (၁၄ – ၁၂- ၂၀၁၇ ) ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားကြပါသည်။
နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း မြောင်းမြတွင်ဖွင့်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၂/၂ဝ၁၇) သင်တန်းဖွင့်ပွဲကို ယခုလ ၁ဝ ရက် နံနက် ၉ နာရီအချိန်က အဆိုပါ ပါတီရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီဝင်သင်တန်းသား ၅ဝ တို့ တက်ရောက်ခဲ့ကြ ပါသည်။
တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဘော့လုံးပြိုင်ပွဲ သွားရောက်အားပေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ (ဖလား) လူငယ်ဘော့လုံးပြိုင်ပွဲကို တာလေ မြို့နယ်တွင် အသင်း (၁၂) သင်း ၀င်ရောက်ယှဉ်ပြိုင်ပြီး (၂၇ – ၁၁ – ၂၀၁၇ ) ရက်နေ့မှ စတင်ယှဉ်ပြိုင် ကစားလျှက်ရှိရာ လက်ရှိ (၄) သင်းသာကျန်ရှိ အကြိုဗိုလ်လုပွဲ (ပထမ) ပွဲစဉ်အဖြစ် ဆမ်ကျန်ခမ်းလူငယ် အသင်းနှင့် ရန်ကင်း (၁) လူငယ်အသင်းတို့ (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြပါသည်။
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနား
လွိုင်ကော်၊ ဒီဇင်ဘာ( ၁၃)ရက်
ယနေ့ ၁၃-၁၂-၂၀၁၇ ရက်နေ့ နေ့ခင်း (၂း၃၀) နာရီအချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနားအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်
ယမန်နေ့ ၁၃ ၁၂ ၂၀၁၇ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများမှ နိုင်ငံတော်သီချင်းကို စုပေါင်းသီဆို ဖွင့်လှစ်၍ သင်တန်းဖွင့်အမှာစကားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မီတီဝင် ရန်ကုန်တိုင်းပါတီ အတွင်းရေးမှူး ဦးသာဝင်းမှ ပြောကြားခဲ့ပါသည်။