လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ၂၃
လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ၂၃
(၂၃.၂.၂၀၁၈) ရက်နေ့ နံနက် (၀၈း၃၀) အချိန်တွင် ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးသန်းထွန်း၊ ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ကာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းကော်မတီဝင် ဒေါ်သိင်္ဂီအောင်မှသင်တန်းစည်းကမ်းများဖတ်ကြားရှင်းလင်ခဲ့ကြောင်းသိရှိရပါသည်။
(၂၂.၂.၂၀၁၈) ရက်နေ့ ညနေ (၀၄း၀၀) အချိန်တွင် မန္တလေးခရိုင်ြပည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနားအား မန္တလေးတိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်နှင့် ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ သင်တန်းသား/သူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး စာတမ်များအတွက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများပေးအပ်ကာ သင်တန်းနည်းပြမျာအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။
၂၂-၂-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့၊ ပါတီလူငယ်အဖွဲ့အင်အား (၄၀) ကျော်တို့ သည် မိုင်းကိုးကျေးရွာအုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
နံနက် (၁၀) နာရီတွင် မိုင်းကိုးအုပ်စု၊ ရန်ရှင်း (၄)ေ ကျးစွာသို့ ရောက်ရှိပြီး ပါတီခေါင်းဆောင် ဦးကျအူ၊ ကျေးရွာသူကြီး ဦးအေးဖေနှင့် ပါတီအဖွဲ့ဖြင့် တွေ့ဆုံပြီး ကျေးရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာပေးထားသည့် ပါတီဝင်ကဒ် (၁၅၃) ကဒ်အား ပေးအပ်ပြီး ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ကျေးရွာမှ ပါတီအမျိုးသမီးအဖွဲ့ နှင့် ရပ်ကွက်ပါတီအမျိုးသမီးများ တွေ့ဆုံမိတ်ဆက်ပြီး ပါတီရှေ့လုပ်ငန်းစဉ်များညှိနှိုင်းခြင်းများေ ဆာင်ရွက်ခဲ့ပါသည်။
မန်စီ ဖေဖော်ဝါရီ ၂၂
ရပ်/ကျေးအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရ ရှိ စေရန် အပ်ချုပ်စက်အတတ်ပညာ ဖြင့် အသက်မွေးဝမ်းကျောင်းပြုစေ နိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ပြည် ခိုင်ဖြိုးပါတီက ကြီးမှူးကျင်းပ သော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီ က မန်စီမြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ရာ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော် စွာဝင်းနှင့်ကော်မတီဝင်များ၊ မန်စီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးထွန်းကြိုင်၊ အတွင်းရေးမှူးဦးဂွမ်ဆိုင်နှင့်ကော် မတီဝင်များ၊ သင်တန်းသူများ စုစု ပေါင်း ၄၂ ဦးတက်ရောက်ခဲ့ကြ သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီက အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြစ်သားမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊ နယ်မြေတာဝန်ခံ များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးအောင်မိုး နှင့်ကော်မတီများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုနယ်မြေ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြည် ထောင်စုနယ်မြေအတွင်းရှိ ပြည်ခိုင် ဖြိုး မြို့နယ်ပါတီများတွင် ပါတီဝင် နှစ်စဉ်ကြေးအများဆုံး ကောက်ခံ ရရှိပေးသော ဒက္ခိဏသီရိမြို့နယ် ပါတီအား ဂုဏ်ပြုဆုငွေ ခြောက် သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်ပြည်ခိုင်ဖြိုး ပါတီသည် နေပြည်တော်အတွင်း ရှိ အခြားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီများထက် ပိုမို၍ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံ၍ ပြည်ခိုင် ဖြိုးပါတီဌာနချုပ်သို့ ပေးသွင်းနိုင် သဖြင့် ဦးဝေလွင်က ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။
မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ် သင်ကြားနေမှုကို ဖေဖော်ဝါရီ ၂၁ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝင်းအောင်
၂၂.၂.၂၀၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဌတာဝန် ပေးအပ်ပွဲ ကိုတန့်ဆည်မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပါတီဥက္ကဌဒေါက်တာမြင့်သိန်း|တိုင်းပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း |ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး |ခရိုင်ပါတီကော်မတီဝင် ဦးချစ်သန်း|တန့်ဆည်မြို့နယ် ပါတီဥက္ကဌ ဒေါ်က်တာကျော်ကျော်ဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ| ရပ်/ကျေးပါတီ ဥက္ကဌများ စုစုပေါင်း အင်အား(၇၀)တို့တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၃နာရီက ရပ်ကွက်ပါတီကော်မတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေနှင့် ကော်မတီ ဝင်များနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။