ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်​ကို​င်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ လမ်းညွှန်​အမှာစကား​ပြောကြား

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့​ မနက်ပိုင်း ၁၀နာရီ ၃၀ မိနစ်အချိန် ရွှေဘိုမြို့နယ် ရန်ကြီးအောင် ခန်းမတွင်​ ကျင်းပပြုလုပ်သည့် ရွှေဘိုခရို်င် လူငယ်​တွေ့ဆုံပွဲအခမ်းအနားသို့ တက်​​ရောက်​၍ လမ်းညွှန်​အမှာစကား​ပြောကြားခဲ့ပါသည်​။

တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်းရေးမှူးဦးသက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်​၊ ပါတီဗဟိုအလုပ်မှုဆောင် စစ်​ကိုင်းတိုင်း  ​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးမြင့်စိုး ဗဟိုလူငယ်​​ရေးရာ ကဏ္ဍတာဝန်​ခံ​ဒေါက်​တာ​အောင်​မြတ်​ဦးနှင့် တိုင်း​ဒေသကြီးပါတီဥက္ကဌ​ဒေါက်​တာမြင့်သိန်း၊ ဗဟို​ကော်​မတီဝင်​များ ၊ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦး​​အောင်​​ဇော်​ဦး တို့တက်ရောက်ခဲ့သည်​။

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီလူငယ်​တွေ့ဆုံပွဲအခမ်းအနားတွင်​ လမ်းညွှန်​အမှာစကား​ပြောကြား

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့​နေ့လည်​၁နာရီက မုံရွာမြို့​တော်​ခန်းမတွင်​စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီ လူငယ်​တွေ့ဆုံပွဲအခမ်းအနားသို့     တက်​​ရောက်​၍ လမ်းညွှန်​အမှာစကား​ပြောကြားခဲ့သည်​။

ယ​နေ့ကျင်းပသည့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်းရေးမှူးဦးသက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးမြင့်​စိုး၊ဗဟိုလူငယ်​​ရေးရာ ကဏ္ဍတာဝန်​ခံ​ဒေါက်​တာ​အောင်​မြတ်​ဦးနှင့်​တိုင်း​ဒေသကြီးပါတီဥက္ကဌ​ဒေါက်​တာမြင့်​သိန်း၊ဗဟို​ကော်​မတီဝင်​များ၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​​အောင်​​ဇော်​ဦး၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ခရိုင်​​နှင့်​မြို့နယ်​များမှပါတီဥက္ကဌများ၊အတွင်း​ရေးမှူးများနှင့်​ပါတီ ​ကော်​မတီဝင်​များနှင့်​ပါတီဝင်​လူငယ်​များ အပါအဝင်​စုစု​ပေါင်းအင်​အား၁၀၃၅ဦး​တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။

အခမ်းအနားအား နိုင်​ငံ​တော်သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​၍ ရပ်​/​ကျေးပါတီ လူငယ်​​ရေးရာအဖွဲ့ ဝင်​တစ်​ဦးဖြစ်​သည့်​ မုံရွာမြို့နယ်​၊​ကျောက္ကာ​ကျေးရွာမှ မရီရီထွန်း၊ပုလဲမြို့နယ်​ပါတီလူငယ်​​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သည့်​ ကို​အောင်​လင်းနှင့်​စစ်​ကိုင်းတိုင်း​ဒေသကြီး
ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​​ရေးရာတာဝန်​ခံတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​​ဦး​အောင်​ကိုစံမှ နယ်​​မြေအလိုက်​လူငယ်​​ရေးရာဖွဲ့စည်းလှုပ်​ရှား​ဆောင်​ရွက်​​နေမှုအ​ခြေအ​နေများအားရှင်းလင်းတင်​ပြခဲ့ကြသည်​။

နွေစပါးမပေါ်မီ ပြည်ပဆန်ဝယ် သင်္ဘော ဆိုက်ကပ်နေ၍ ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်

ရန်ကုန် ဖေဖော်ဝါရီ ၅

မိုးစပါးအကုန် နွေစပါးမပေါ်မီ ကြားကာလ၌ ပြည်ပမှ ဆန်ဝယ်သင်္ဘောများ ဆိုက်ကပ်နေ၍ ပြည်ပသို့ တင်ပို့နေသော ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်ကာ ပြည်တွင်း၌ စားသုံးမှုများသည့် ဆန်ချော ဈေးနှုန်းများမှာ ဈေးနှုန်းအတက်အကျ မကြမ်းဘဲ ပုံမှန်အတိုင်းသာရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

ထောက်ကြန့်တွင် Suzuki Carry ယာဉ်မောင်းအား အုပ်စုဖွဲ့ ထိုးကြိတ်သူ လူငယ် ၅ ဦးအား ဖမ်းမိ

ဓာတ်ပုံ- Yangon Police

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင်  Suzuki Carry ယာဉ်မောင်းအား အုပ်စုဖွဲ့ဝိုင်းဝန်းထိုးကြိတ်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ 

ယာဉ်မောင်းအား လမ်းလည်ကောင်တွင် ထိုးကြိတ်ခဲ့သူ လူငယ် ၅ ဦးအား လိုင်စင်မဲ့ ဆိုင်ကယ် ၃ စီးနှင့်အတူ လှော်ကားလမ်းခွဲတွင် ညနေ ၆ နာရီခွဲခန့်က ဖမ်းဆီးရမိခြင်းဖြစ်သည်။ 

မွန်နှင့် လားဟူ လက်နက်ကိုင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အန်စီအေ လက်မှတ်ထိုးမည်

Photo : Myanmar State Counsellor Office

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော် MICC –II မှာ ကျင်းပဖို့ရှိနေပါတယ်။

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု အစီအစဉ်ဖော်ဆောင်ရေးအဆို လွှတ်တော်တွင် ဆွေးနွေးမည်

အစိုးရက နည်းပညာနှင့်   ချေးငွေကူညီမှုပေးမည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Pro-duct) ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ   အစီအစဉ်   အကောင်အထည်ဖော်ရေး အဆိုကို အမျိုးသား လွှတ်တော် က ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​ တောင်​သာပြည်​ခိုင်​ဖြိုး Online Media မွမ်းမံ(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲသို့တက်​​ရောက်​အမှာစကား​ပြောကြား

 

(၃.၂.၂၀၁၈)ရက်​​နေ့  နံနက်​(၀၉း၃၀)အချိန်​တွင်​ ​တောင်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌  Online Media မွမ်းမံ(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲ ကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ဦးဝင်း​မောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမြတ်​သူနှင့်​ ဦး​ကျော်​စန်း၊ မြင်းခြံခရိုင်​​ပါတီအတွင်း​ရေးမှူး ဦးမျိုး​ကျော်​ဇင်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများဖြစ်​ကြ​သော ဦးဝင်းလှိုင်​ငြိမ်း၊ ဦး​ဇော်​​အောင်​ထက်​၊ ​​​တောင်​သာမြို့နယ်​ပါတီ​ဥက္ကဌ ဦးသိန်းညွန့်​နှင့်​​ကော်​မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​မှ သင်​တန်းဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​သင်​တန်းနည်းပြများမှဆက်​လက်​​ဆွေး​နွေးခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

မြန်​မာစွန့်​ဦးတီထွင်​ပွဲ​တော်​သို့ ပြည်​ခိုင်​ဖြိုးပါတီမှတက်​​ရောက်

 

(၃.၂.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ချမ်းမြသာစည်​မြို့နယ်​ သတင်းနှင့်​နည်းညာတက္ကသိုလ်​(MIIT)၌ကျင်းပ​သော မြန်​မာစွန့်​ဦးတီထွင်​ပွဲ​တော်​ ဖွင့်​ပွဲအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဦး​အောင်​နိုင်​ဦး၊ ဒေါ်သိင်္ဂီ​အောင်​၊ မန္တ​လေးခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​တို့တက်​​ရောက်​ခဲ့​ပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး


မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်များ ၀င်ရောက်ရန် အဆိုပြု

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင် အသစ် ၃၀၀ နီးပါး အဆိုပြုလွှာများပေးအပ်ခဲ့ကြသည်။

မကွေးမြို့နယ်၊ ဆူးပြစ်စမ်းအုပ်စု ရွှေကျော်ကျေးရွာနှင့် မြို့သစ်မြို့နယ် မြတ်လေးကုန်းအုပ်စု၊ ရွှေညောင်ပင်ကျေးရွာတို့မှာ ပါတီဝင်ခွင့်ရှိသူများ ကျေးရွာလုံးကျွတ်နီးပါးဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပါတီဝင်အသစ်များကိုယ်စား တစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းအပေါ် ပြောကြားခဲ့ရာမှာ –