မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း မြင်းခြံခရိုင်သင်တန်းကို မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြီး သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားကို ဗဟိုပါတီ ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးဝင်းမောင်မှ ပြောကြားပြီး သင်တန်းတက်ရောက်သူ (၅၂) နှင့် တိုင်းခရိုင် ပါတီကော်မတီဝင်များနှင့် မြင်းခြံခရိုင်အတွင်းရှိ လေးမြို့နယ်မှ ပါတီကော်မတီဝင်များ တက်ရောက်ပြီး သင်တန်းကို (၁၀း၀၀) နာရီအချိန်မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ် (၅၁)ရပ်ကွက် အောင် သစ္စာလမ်းတွင် ယခုလ ၂၃ ရက် နံနက် ၅နာရီ ၃၅ မိနစ်၌ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာအိမ်ခြေ၃၈ လုံး၊ လူဦးရေ ၁၅၆ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရာမီးဘေးသင့်ပြည်သူများ အတွက်ယာယီမီးဘေးကယ်ဆယ် ရေးစခန်းအား အမက(၃)စာ သင် ကျောင်းတွင်ဖွင့်လှစ်ထားရှိခဲ့သည်။
ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာ ဦးအောင်မြတ်ဦး မြစ်ကြီးနားခရိုင် လူငယ်တွေ့ဆုံပွဲတက်ရောက်
မြစ်ကြီးနားခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့် လူငယ်တွေ့ဆုံပွဲအခမ်းအနားကို (၂၆-၂-၂၀၁၈) ရက်နေ့ နေ့လည် (၁) နာရီက ကချင်ပြည်နယ် ပါတီရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ နိုင်ငံတော်သီချင်းသီဆိုလျှက် နိုင်ငံတော်အလံအား အလေးပြု ခြင်း၊ “ပြည်ခိုင်ဖြိုးလူငယ်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
တွေ့ဆုံပွဲကို ပါတီဗဟိုအလုပ်အမှုဆောင် ၊ လူငယ်ရေးရာတာဝန်ခံ၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာဦးအောင်မြတ်ဦး တက်ရောက်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ အစီအစဉ်အရ ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျူံ က အားပေးစကားပြောကြားပြီး လူငယ်နှီးနှောဖလှယ်မှ တွေ့ရှိချက်စာတမ်းများကို မြစ်ကြီးနား၊ ၀ိုင်းမော်လူငယ်ကော်တီဝ င်များက တင်ပြကြပါသည်။
ထိုနောက် တက်ရောက်လာကြသူများက တင်ပြကြပြီး လူငယ်ရေးရာတာဝန်ခံက နိဂုံးချုပ် အမှာစကားပြောကြားကာ ညနေ (၃း၃၀) နာရီအချိန်ခန့်တွင်” ပြည်ခိုင်ဖြိုး ..ဟေ့”သီချင်းသီဆို ကာ အခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။
ဒီးမော့ဆိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နန်းမယ်ခုံမြို့ မြို့မ ကယန်းရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံပွဲ
ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ် ဆံပင်မိတ်ကပ်အလှပြင်သင်တန်းဖွင့်ပွဲတက်ရောက်အမှာစကားပြောကြား
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အမျိုးသမီးငယ်လေးများ အတွက် အမျိုးသမီးဘဝမြှင့်တင် ရေးအစီအစဉ်အဖြစ် မိတ်ကပ်ဆံ ပင်အလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက မင်္ဂလာတောင် ညွန့်မြို့နယ် ပါတီရုံး၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော် မတီဝင်ဒေါ်အေးအေးမြင့်၊ ခရိုင် ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ မြို့ နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ သင်တန်းသူ ၂၅ ဦးတက် ရောက်သည်။ သင်တန်းဖွင့်ပွဲ အစီ အစဉ်အရ ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ် က အမှာစကားပြောကြားပြီး သင် တန်းကိုဖွင့်လှစ်ပေးခဲ့သည်။
ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ထားဝယ်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် တနင်္သာရီတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဒုဥက္ကဋ္ဌဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူးဦးနေမျိုးနှင့် ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း များ၊ ဗဟိုကော်မတီဝင်များ၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ထားဝယ်မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာကော်မတီဥက္ကဋ္ဌ များနှင့် ပါတီဝင်များ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တွေ့ဆုံခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စည်းရုံးရေးရာကိစ္စများ မှာကြားခဲ့သည်။ အခမ်းအနားတွင် တိုင်း/ခရိုင်/မြို့နယ်အတွင်းရေးမှူးများက ပါတီစည်းရုံးရေးကိစ္စရပ်များကို တင်ပြခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ မှော်ဘီမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မှော်ဘီမြို့နယ် ဝါးနက် ချောင်း(စံပြ)ကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှု ဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့သည်မှော်ဘီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း ဘဏ္ဍာရေးမှူးဦးစိုင်းခမ်းကော် ပြည်နယ်ကော်မတီဝင်ဦးခင်မောင်ချိုတို့ပါဝင်သောပြည်နယ်အဖွဲ့သည်ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၈ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ကကျောက်မဲမြို့နယ်ပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်းမှအဖွင့်အမှာစကားပြောကြားခဲ့သည် ။
ဆက်လက်၍ပြည်နယ်လူငယ်ရေးရာတာဝန်ခံဦးစိုင်းခမ်းကော်မှပါတီလူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များကို ဆွေးနွေး ကျင်းပပြုလုပ်ခဲ့ပြီး ၂၅- ၂ – ၂၀၁၈ ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် နိုင်ငံရေးပါတီ ( ၂၁ ) ပါတီတွေ့ဆုံပွဲမှကောက်နုတ်ချက် ၇ ချက်ကိုဖတ်ကြားခဲ့သည် ။
အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေး
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းခရိုင် မြို့နယ်များမှာ ကော်မတီဝင်များ ဥက္ကဋ္ဌအတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲအား ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်း ရိပ်သာ(တံတား)တွင်တွေ့ဆုံ၍ ပါတီ၏ ရှေလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဗဟိုအလုပ်မှုဆောင်များဖြစ်သော ဦးအောင်တင်မြင့်၊ဒေါက်တာပွင့်ဆန်း
ဗဟိုအလုပ်မှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးညဏ်လင်းတို့တက်ရောက်ခဲ့ကြောင်းသိရသည်။

