မွန်နှင့် လားဟူ လက်နက်ကိုင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အန်စီအေ လက်မှတ်ထိုးမည်

Photo : Myanmar State Counsellor Office

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော် MICC –II မှာ ကျင်းပဖို့ရှိနေပါတယ်။

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု အစီအစဉ်ဖော်ဆောင်ရေးအဆို လွှတ်တော်တွင် ဆွေးနွေးမည်

အစိုးရက နည်းပညာနှင့်   ချေးငွေကူညီမှုပေးမည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Pro-duct) ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ   အစီအစဉ်   အကောင်အထည်ဖော်ရေး အဆိုကို အမျိုးသား လွှတ်တော် က ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​ တောင်​သာပြည်​ခိုင်​ဖြိုး Online Media မွမ်းမံ(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲသို့တက်​​ရောက်​အမှာစကား​ပြောကြား

 

(၃.၂.၂၀၁၈)ရက်​​နေ့  နံနက်​(၀၉း၃၀)အချိန်​တွင်​ ​တောင်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌  Online Media မွမ်းမံ(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲ ကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ဦးဝင်း​မောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမြတ်​သူနှင့်​ ဦး​ကျော်​စန်း၊ မြင်းခြံခရိုင်​​ပါတီအတွင်း​ရေးမှူး ဦးမျိုး​ကျော်​ဇင်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများဖြစ်​ကြ​သော ဦးဝင်းလှိုင်​ငြိမ်း၊ ဦး​ဇော်​​အောင်​ထက်​၊ ​​​တောင်​သာမြို့နယ်​ပါတီ​ဥက္ကဌ ဦးသိန်းညွန့်​နှင့်​​ကော်​မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​မှ သင်​တန်းဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​သင်​တန်းနည်းပြများမှဆက်​လက်​​ဆွေး​နွေးခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

မြန်​မာစွန့်​ဦးတီထွင်​ပွဲ​တော်​သို့ ပြည်​ခိုင်​ဖြိုးပါတီမှတက်​​ရောက်

 

(၃.၂.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ချမ်းမြသာစည်​မြို့နယ်​ သတင်းနှင့်​နည်းညာတက္ကသိုလ်​(MIIT)၌ကျင်းပ​သော မြန်​မာစွန့်​ဦးတီထွင်​ပွဲ​တော်​ ဖွင့်​ပွဲအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဦး​အောင်​နိုင်​ဦး၊ ဒေါ်သိင်္ဂီ​အောင်​၊ မန္တ​လေးခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​တို့တက်​​ရောက်​ခဲ့​ပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး


မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်များ ၀င်ရောက်ရန် အဆိုပြု

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင် အသစ် ၃၀၀ နီးပါး အဆိုပြုလွှာများပေးအပ်ခဲ့ကြသည်။

မကွေးမြို့နယ်၊ ဆူးပြစ်စမ်းအုပ်စု ရွှေကျော်ကျေးရွာနှင့် မြို့သစ်မြို့နယ် မြတ်လေးကုန်းအုပ်စု၊ ရွှေညောင်ပင်ကျေးရွာတို့မှာ ပါတီဝင်ခွင့်ရှိသူများ ကျေးရွာလုံးကျွတ်နီးပါးဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပါတီဝင်အသစ်များကိုယ်စား တစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းအပေါ် ပြောကြားခဲ့ရာမှာ –

ရပ်/ကျေးပါတီဝင်များတာဝန်ပေးအပ်ပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြ ခရိုင်မြောင်းမြမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသောရပ်/ကျေးပါတီဥက္ကဋ္ဌ များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်၉နာရီကခရိုင်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့်နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ဆောင်ရွက်ကာ ဧရာ ဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူး ဦးဝင်းကိုကိုက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် နယ်မြေတာဝန်ခံတိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင် ဦးပြုံးချို၊ ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်မြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးဝင်းမော်တို့က အမှာ စကားများ အသီးသီးပြောကြားပြီး ရပ်/ကျေးပါတီဥက္ကဋ္ဌခန့်အပ်လွှာ များကို တာဝန်ရှိသူများက ပေးအပ် ခဲ့ကြသည်။

မီးဘေးသင့်မိသားစုများအား တစ်ဆုပ်ဆန်လှူအသင်း ဆန်ထောက်ပံ့

 

မြစ်ကြီးနားမြို့ မန်ခိန်ရပ် ကွက် စက်မှုနယ်မြေတွင် ယခုလ ၂ ရက် ည ၁၁ နာရီခွဲခန့်က မီးဘေးဖြစ်ခဲ့ပြီး နေအိမ်ငါးလုံး၊ မိသားစု ၁ဝ စု၊ လူဦးရေ ၅ဝခန့် မီးဘေးကြုံတွေ့ခဲ့ရသည်။

ဝိလာသတောင်ပေါ်၌ ရွှေသိမ်တော်ဆောက်လုပ်ရန် ခရိုင်ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ အလှူငွေများလှူဒါန်း

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တိန်းသော်ကျေးရွာမြောက်ဘက် ဝိလာသတောင်ပေါ်တွင် ယခင်က လူနေထိုင်ခြင်း။ ရဟန်းသံဃာများ သတင်းသုံးနေထိုင်ခြင်းမရှိခဲ့သော်လည်း ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ကမ္ဘာ့ဧကရာဇာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ(ရွှေကိုယ်တော်)နှင့် တိန်းသော်ကျေးရွာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇောတိကတို့ ဦးစီး၍ ဝိလာသတောင်ပေါ်တွင် ဘုန်းကြီးကျောင်းဆောက်လျက်ရှိသည်။ ထို့ပြင် ဆရာတော်သံတော် များနှင့် ဗန်းမော်ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးဦးညွန့်စိုးတို့ ကြီးမှူး၍ ယခုလ ၁ ရက်မှ ၄ ရက်အထိ ရတနာဝိလာသီသိမ်ကျောင်းဆောက်လုပ်ရန်အတွက် သိမ်သမုတ်ပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပြည်ခိုင်    ဖြိုးပါတီအစည်းအဝေးခန်းမ၌ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးခင် မောင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၄ အုပ်စုမှဥက္ကဋ္ဌများ      တက်ရောက်ခဲ့ ကြသည်။