မိုးကောင်းမြို့ပြည်ခိုင်ဖြိုးပါတီ (၁၆)ကြိမ်မြောက် ရွာသစ်ရပ်ကွက် သံဃာဒါနဆွမ်းဆန်တော်လောင်းလှူ

 

ကချင်ပြည်နယ် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်(၁၆)ကြိမ်မြောက် သံဃာဒါန ဆွမ်းဆန်တော် လောင်းလှူပွဲကို ဖေဖော်ဝါရီ (၄)ရက် ညနေ (၃:oo)နာရီ အချိန်တွင် မိုးကောင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင်နှင့်မြိ့နယ်ကော်မတီဝင်ဦးစိုင်းထွန်းလှ၊ ဦးမြင့်စိုး၊ ဦးဝင်းကို၊ မြို့ပေါ်စည်းရုံးရေးတာဝန်ခံများနှင့် ရွာသစ်ရပ်ကွက် စည်းရုံးရေးတာဝန်ခံ ဦးစိန်လင်း ဦးဆောင်၍ ပါတီအင်အား (၂၀ )ဦးဖြင့် ရွာသစ်ရပ်ကွက် ဓမ္မမိတ်ဆွေများနှင့်အတူ ဆရာတော်သံဃာတော်( ၃၂၄) ပါး၊သီလရှင် (၁၁၀ )ပါးကို (၁၆)ကြိမ်မြောက်သံဃာဒါန ဆွမ်းဆန်တော်လောင်းလှူခဲ့ပါသည်။

ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ————-

 

၎-၂-၂၀၁၈ ရက်နေ့ ညနေ(၃း၃၀)နာရီမှ ( ၅း၃၀ )နာရီအချိန်အထိ ဘောလခဲခရိုင် မယ်စဲ့မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ဗဟိုပါတီစည်းကမ်းထိန်းသိမ်း ရေးကော်မတီ ဗဟိုကော်မတီဝင် ဦးတင့်လှိုင်မြင့်နှင့် ဗဟိုပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဌာနစုမှူး ဦးခင်မောင်ရင် တို့သည်မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်အလိုက် ပါတီစည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပါသည်။

ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲ ကျင်းပ

 

ယမန်နေ့(5 – 2 -2018) နေ့လည်( ၁)နာရီ အချိန်တွင် ကျောက်မဲမြိြု့ ပည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးတွင် ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ် ပါ
သည်။

ရှေးဦးစွာ ပါတီဝင်များအားလုံး နိုင်ငံတော်သီချင်းသီဆို၍နိုင်ငံတော်အလံအားအလေးပြုပြီး အခမ်းအနားစတင် ဖွင့်လှစ်ပါသည်။ ထို့နောက် ကျောက်မဲခရိုင်ပါတီဥက္ကဌ ဦးဝင်းမြင့်မှ အဖွင့်အမှာ စကားပြောကြားပြီး ကျောက်မဲမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးကောင်းစိန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ ချောင်းမကျေးရွာ ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီအဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီ ၃၀မိနစ်ချိန်တွင် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ ချောင်းမကျေးရွာ၌ကျင်းပပြုလုပ်သည့် ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် နွယ်ခွေကျေးရွာအုပ်စုပါတီဥက္ကဋ္ဌမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများအားပေးအပ်ခဲ့ရာ ချောင်းဦးမြို့နယ်ပါတီဥက္ကဋ္ဌမှလက်ခံရယူခဲ့သည်။

ထို့နောက် ကျေးရွာပါတီဝင်တစ်ဦးမှ ပါတီသို့ဝင်ရောက်ရခြင်းအခြေအနေအားရှင်းလင်းတင်ပြခဲ့ပြီးနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ရာ ကျေးရွာပြည်သူတစ်ဦးမှလက်ခံရယူခဲ့သည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာအုပ်စု ပလ္လင်ကျေးရွာဒေသခံ ပြည်သူများမှ ပြည်ခိုင်ဖြိုးပါတီဝင်ခွင့် အဆိုပြုလွှာများကို ယနေ့ မွန်းလွဲ ၁ နာရီက စုပေါင်းပေးအပ်ကြသည်။ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ကျုံပျော်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်(ငြိမ်း) ဒေါက်တာစိုးသူရနှင့် အတူ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံ ပါတီဝင်များ တက်ရောက်ကြ သည်။ ၂၁၄ဦးမှ ပါတီဝင်အဆိုပြု လွှာ စုပေါင်းပေးအပ်ကြပြီး အခမ်း အနားအပြီးတွင် ပါတီတာဝန်ရှိသူ များမှ ပါတီဝင်အသစ်များအား ရင်ထိုးတံဆိပ်များတပ်ဆင်ပေးအပ် ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွိုင်လင်လေးမြို့ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်များတွေ့ဆုံပွဲ

 

ယမန်နေ့ ၆-၂-၂၀၁၈ ရက်နေ့  နံနက်(၉း၃၀)နာရီ အချိန်တွင်  ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင် လေးမြို့ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပပြုလုပ်ပါသည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များ    လိုက်ပါပြီး လွိုင်လင်လေးမြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဆိုင်းဘုတ်အား ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဌ ဦးမောင်ရွှေ၊ လွိုင်ကော်မြို့နယ် ကော်မတီဝင်         လွိုင်လင်လေးမြို့တာဝန်ခံ ဦးတင်မြင့်နှင့် လွိုင်လင်လေးမြို့ စည်းရုံးရေးမှူး ဦးဝင်းအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြီးနောက် တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ပါတီမှတာဝန်ရှိသူများမှ ဆိုင်းဘုတ်အား အမွေးနံ့ရည်သာများဖြင့်ဖြန်းပက်ပေးခဲ့ကြပါသည်။

ငါန်းဇွန်မြို့၌ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းဆင်းပွဲကျင်းပ

 

 

စက်မှုဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့၏ လမ်းညွှန်မှုဖြင့် အမှတ် (၆) စက်မှု သင်တန်းကျောင်း(မြင်းခြံ)နှင့် ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတို့ပူးပေါင်းဖွင့် လှစ်သည့် စက်မှုနှင့်အသက်မွေး ပညာရွေ့လျားသင်တန်းအမှတ်စဉ် (၆ဝ)သင်တန်းဆင်းပွဲအခမ်းအနား ကိုငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

မိုင်းတုံပြည်ခိုင်ဖြိုးနှင့် ရှမ်းပြည်နယ်ဥက္ကဌတွေ့ဆုံပွဲ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၆.၂.၂၀၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းသန်းဝင်း(ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်)နှင့် မိုင်းဆတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ(ခရိုင်ဥက္ကဌ)၊ခရိုင်ကော်မတီဝင်များ၊မိုင်းတုံမြို့နယ်ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီခေါင်းဆောင်များတွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်ပါတီဥက္ကဌမှ ဗဟိုမှချမှတ်သည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ခရိုင်/မြို့နယ်ဥက္ကဌများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ပြီးကြကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လပါတ်​အစည်းအ​ဝေးကျင်းပ

 

သီ​ပေါမြို့နယ်​ ပြည်​​ခိုင်​ဖြိုးပါတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို (၆.၂.၂၀၁၈)ရက် ​နေ့လည် ၀၉း၃၀ အချိန်​က ကျင်းပရာ ပြည်​နယ်​၊ ခရိုင်​၊မြို့နယ်​ ပါတီနှင့် ရပ်/ကျေးပါတီ အဖွဲ့ဝင်​များ တက်​​ရောက်​ကြပါသည်​။

မြစ်ကြီးနား ​ပြည်​ခိုင်​ဖြိုးပါတီ မှဆွမ်းဆန်​​တော်​​လောင်းလှူ

 

ယ​နေ့(၇-၂-၂၀၁၈)ရက်​​နေ့၊မနက်​(၁၀)နာရီ အချိန်တွင် မြစ်​ကြီးနားမြို့၊နန်း​ကွေ့​ကျေးရွာအုပ်​စု၊နယ်​​မြေ(၇)၊”မျိုးဆက်​သစ်​ ဓမ္မ စင်​တာ”​ကျောင်း​တော်​၊သိမ်​​တော်​ကြီး၊သိမ်သမုတ်ပွဲ ၊​​သိမ်​ဆင်း​လောင်းလှူ ပွဲတွင်​ မြို့နယ်​ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီ၏ “တစ်​ဆုပ်​ဆန်​လှူ အသင်း”မှသံဃာ​တော်​(၉၂)ပါးကို ဆွမ်းဆန်​​တော်​နှင့် လှူဖွယ်​ပစ္စည်းများ ​လောင်းလှူ ခဲ့ကြောင်း သိရသည်။

Nyunt Win