ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးအပါအဝင် မြို့နယ်အမှုဆောင်ကော်မတီဝင် များ၊ ဒေသတာဝန်ခံများလိုက်ပါ၍ ယမန်နေ့ နံနက် ၉နာရီတွင် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ လက်တက်ကြီးကျေးရွာအုပ်စု နောင်ဘို ကျေးရွာသို့လည်းကောင်း၊ နံနက် ၁၁ နာရီခွဲတွင် ကညွတ်ကွင်းမြို့ ရေပြာကျေးရွာသို့လည်းကောင်း ကွင်းဆင်းသွားရောက်ကာကျေးရွာ ကော်မတီဝင်များအိမ်၌ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ကျေးလက်ပြည်သူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။