ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​စွမ်းရည်​မြှင့်​တင်​​ရေး ​အ​ထွေ​ထွေဥာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲ ကျင်းပ

 

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ကြီးမှူး၍ လူငယ်​စွမ်းရည်​မြှင့်​တင်​​ရေး ​အ​ထွေ​ထွေဥာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲကို (၂၁.၃.၂၀၁၈) ရက်​​နေ့ နံနက်​ (၉း၀၀) နာရီတွင်​ ခရိုင်​ပါတီရုံးတွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။
အခမ်​အနားသို့ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ (အ​နောက်​ပိုင်းခရိုင်​နယ်​​မြေခွဲတာဝန်​ခံ) ဦးတင်​ဝင်း၊ ဦးတင်​လှိုင်​၊​ ဒေါ်သင်းသင်းမိုး၊ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ (လူငယ်​တာဝန်​ခံ) ​ဒေါ်မိုးမိုးအိ၊ ​တောင်​ပိုင်းခရိုင်​ပါတီ​ကော်​မတီဝင်​ ​ဒေါ်​အေး​အေးမြင့ိ၊ အ​နောက်​ပိုင်းခရိုင်​ပါတီဥက္ကဌ ဦး​နေဝင်းနှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊​ အ​နောက်​ပိုင်းခရိုင်​(၁၃)မြို့နယ်​မှ ပါတီဥက္ကဌ၊အတွင်း​ရေးမှူးနှင့်​ ပြိုင်​ပွဲဝင်​လူငယ်​တာဝန်​ခံများ တက်​​ရောက်​ခဲ့ကြပါသည်​။

ဟုမ္မလင်းပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ Dr မြင့်သိန်းနှင့်အတူ တိုင်းဒေသကြီး အလုပ်အမှုဆောင်ကော်မတီဝင် ဦးစောမြင့်ဦး (ခန္တီးခရိုင်တာဝန်ခံ)၊ ဦးသန်းဝင်းထွန်း၊ ဦးသန်းထိုက်တို့သည် (၂၀-၃-၂၀၁၈)ရက်နေ့၊ ညနေ (၃း၃၀)နာရီအချိန် ဟုမ္မလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိခဲ့ပြီး၊ ညနေ (၄း၀၀)နာရီအချိန်တွင် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

ခေါင်ဖူးလောကမာရဇိန်မဟာစေတီတော် စိန်ဖူးတော်တင်လှူပွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်တက်ရောက်

 

မြစ်ကြီးနား မတ် ၂ဝ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသ ခေါင်ဖူးလောကမာရဇိန်မဟာ စေတီတော် စိန်ဖူးတော်တင်လှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင် ပင်ခံ ဦးသိန်းဇော် တက်ရောက်ခဲ့သည်။
အဆိုပါ စိန်ဖူးတော်တင်လှူပွဲကို ယနေ့နံနက် ၉ နာရီတွင် ကချင်ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ကချင်ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီး၊ စိန်ဖူးအလှူရှင် မံစီမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးထွန်းထွန်းနှင့်ဇနီးမိသားစု၊ ဥပသကာများ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဒေါပုံပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကြီး မှူး၍ (၇၃)ကြိမ်မြောက် တပ် မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်း တည့် ၁၂ နာရီက ဒေါပုံမြို့နယ် မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီခွဲက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုကာ ဖွင့်လှစ် ခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်းက ပါတီ၏ မူဝါဒဆိုင်ရာများ၊ ပါတီ၏လှုပ်ရှား ဆောင်ရွက်မှုအခြေအနေများ ပြော ကြားခဲ့သည်။

(၄၅)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားသို့ မိုင်းဆတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ရေသန့်ဗူးများ သွားရောက်လှူဒါန်းခြင်း

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊ မိုင်းဆတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​အတွင်းရေးမှူး ဦးအောင်မင်းနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ကော်မတီဝင်များ၊ ပါတီရုံးဝန်​ထမ်းများသည်​(၂၀.၃.၂၀၁၈)ရက်​​နေ့တွင်​ မိုင်းဆတ်မြို့နယ် မြို့သစ်ရပ်ကွက် တိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန်ကျောင်းတော်၌ ကျင်းပနေသော (၄၅)နှစ်မြောက် ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားသို့ သွားရောက်၍ ရေသန့်ကပ် (၁၀၀) အား လှူဒါန်းခဲ့ပါ သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၈ – နိုင်ငံရေးစီမံခန့်ခွဲမှု ( ဆင့်ပွား ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

(၂၀.၃.၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းတွင်​ သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်​ပွဲကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုးတက်​​ရောက်​အမှာစကား​ပြောကြားခဲ့ပါသည်​။


ပြည်သူများ ရေအခက်အခဲ ဖြစ်နေသည့်အတွက် ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေတင်ရန်အတွက် စက်(25) ကောင် စက် ၁ လုံး လှူ ဒါန်း

 

၂၀.၃.၂၀၁၈ ရက်နေ့ ဖားကန့်မြို့နယ် မြို့မ /ဆွတ်ဂျာတွင် ပြည်သူများ ရေအခက်အခဲ ဖြစ်နေသည့်အတွက် ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေတင်ရန်အတွက် စက်(25) ကောင် အသစ်စက်စက် ၁ လုံး လှူ ဒါန်းခဲ့ပါသည်။
အဆိုပါလှူ ဒါန်းပွဲတွင် ဖားကန့်မြို့နယ် မြို့နယ်ပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ် ခရိုင်ပါတီကော်မတီဝင် ဦးဘရန်ဆိုင်း၊ မြို့နယ် တွင်း/မှူး ဦးထွန်းမြင့်၊ ရပ်/ကျေးပါတီဥက္ကဌ ဦးလဂျာနှင့် ပါတီဝင်များ ရပ်မီရပ်ဖများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။