ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု့(ဆင့်ပွား)သင်တန်းဖွင့်

 

ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၂၂.၃. ၂၀၁၈) နေ့ နံနက် (၀၉း၄၀) အချိန် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်ကျေးရွာ (၇၅) အုပ်စုမှ သင်တန်းသားသင်တန်းသူအင်အား (၁၀၀) ဦး တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအား နိုင်ငံတော်သီချင်းသီဆိ၍ ဖွင့်လစ်ခဲ့ပြီး တိင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်းပြောကြားခဲ့ပါသည်။

ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည်များ သွားရောက်လှူဒါန်းခြင်း

 

ရှားတောမြို့ – မတ်လ ၂၁
၂၁.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှားတောမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းတွင် ” ဘုရားဘုန်းတော် ထင်ရှားရာ နိုင်ငံသားကောင်းဖြစ်စေပါ” နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည် သွားရောက်လှူဒါန်းပါသည်။
၎င်းအချိုရည်များ သွားရောက်လှူဒါန်းရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလ၊ူ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၈၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့်လေ့လာရေးခရီစဉ်

 

၂၀ – ၃ – ၂၀၁၈ ရက်နေ့ မင်းဘူးခရိုင် ပါတီဝင်လူငယ်ကေဒါများ တွေ့ဆုံပွဲကို မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပပြုလုပ်ပြီးနောက် ယမန်နေ့ ၂၁- ၃ – ၂၀၁၈ ရက်နေ့တွင် လေ့လာရေးခရီးစဉ်အဖြစ် ရွှေစက်တော်ဘုရားသို့ ၅ မြို့နယ် လူငယ်များ သွားရောက်ဖူးမျှော်ကြည်ညိုကန်တော့ခဲ့ကြပါသည်။
ထိုမှအပြန်လမ်းတွင် မင်းဘူး ( စကု) မြို့နယ် သံပုရာကိုင်းကျေးရွာမှ သက်ကြီးအဖိုးအဖွား (၁၀ ) ဦးနှင့် ဥယျာဉ်ကျေးရွာမှ သက်ကြီး အဖိုးအဖွား (၁၀ ) ဦးတို့အား ငဖဲမြို့နယ် လူငယ်ကေဒါများနှင့် စေတုတ္တရာ လူငယ်ကေဒါများ (၂) မြို့နယ်စုပေါင်း၍ သက်ကြီးပူဇော်ခြင်း ကုသိုလ်ကောင်းမှုကို ဆောင်ရွက်ခဲ့ကြပါသည်။

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေးရာအလိုက် ပါတီတာဝန်များ ပေးအပ်ပွဲကျင်းပ

 

၂၁ မတ်၂၀၁၈

မြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးနယ်မြေ အမှတ် ၂ အတွင်းရှိ ကျေးရွာအုပ်စုအတွင်း ရေးရာအလိုက်ကော်မတီများအား တာဝန်ပေးအပ်ပွဲကို ၂၀၁၈ မတ်လ ၂၁ ရက်နေ့တွင် ရွာတန်းရှည်အုပ်စု ဇီးတောတိုက်ကျေးရွာ၌ ကျင်းပရာ မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ဦးသော်ဇင်ဦး၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်ကော်မတီဝင် ဦးစိန်မြင့်၊ ဦးစောဝင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်နှင့် အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်းအင်အား ၇၅၀ ဦးခန့် တက်ရောက်ကြပြီး အစည်းအဝေးကို ၂ နာရီမှစတင်ပြီး ၄ နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည် ။

ကျောက်တန်းတွင်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးဆင့်ပွားသင်တန်းဖွင့်

 

ရန်ကုန် မတ် ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်ကျောက် တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့် လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၉ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

လှိုင်းဘွဲ မတ် ၂၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခုလ ၁၆ရက် နံနက် ၁ဝနာရီက လှိုင်းဘွဲမြို့နယ်တာဝန်ခံ ဦးစောမြင့်ဝင်းအောင်၊ ပြည်နယ်ကော်မတီဝင် ဦးဝင်းတင့်နှင့် လှိုင်းဘွဲမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့ဝင်များ အင်အား ၃၅ ဦးဖြင့်တွေ့ဆုံခဲ့သည်။

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရက်ရှည်စက်ချုပ်သင်တန်းအခမဲ့သင်ကြားပို့ချ

 

ရန်ကုန် မတ် ၂၁

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ်တွင် အမှတ် (၆) ရပ်ကွက် စုပေါင်းရုံးလမ်းရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံး ၌အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ကိုရည်ရွယ်၍ စက်ချုပ်သင်တန်းကို ယခုလ ၁၈ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ ညနေ ၄နာရီအထိ သင်တန်းဆရာမဒေါ်သူဇာနှင့်အဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် ၏ ပြောပြချက်အရ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ

 

ရန်ကုန် မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်း ဆင်းကုသရေးအဖွဲ့မှ (၄၇)ရပ်ကွက် ဓမ္မ နီတိဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ရပ်ကွက်အတွင်း သွားနှင့်ခံတွင်း ဝေဒနာရှင် ၃၆ ဦးအား အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့သည်။

ဝေါမြို့၌ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကျင်းပ

 

ဝေါ မတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပဲခူးတိုင်းဒေသကြီး ပဲခူး ခရိုင် ဝေါမြို့နယ်၌ ယနေ့နံနက် ၉ နာရီက နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးစောမော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင် စိုးက အဖွင့်အမှာစကား ပြောကြား သည်။ထို့နောက် ဝေါမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယုက သင် တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။