ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
(၂၄.၂.၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သော နိုင်ငံရေး စီမံခန့်ခွဲမ (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ညောင်ဦးပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေး၊ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြ များ၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကာ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းမှ သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်ခဲ့ကြောင်း သိရှိရပါသည်။
မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်/ မြို့ နယ်ကော်မတီအစည်းအဝေး ကျင်းပ
(၂၅.၂.၂၀၁၈) ရက်နေ့ မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီခရိုင်/မြို့နယ်ကော်မတီအစည်းဝေးကျင်းပပြုလုပ်ရာ အရန်ပြည်နယ်ကော်တီဝင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးစိုင်းကျောက်၊ ဦးအားကို၊ခရိုင်ဥက္ကဋ္ဌ ဦးညွန်ဝင်း၊ မြို့ နယ်ဥက္ကဋ္ဌ ဦးစိုင်းရီတစ်၊ အတွင်ရေးမှူးနှင့် ကော်မတီဝင်များ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
Crd;
နိုင်ငံရေး စီမံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂) ဖွင့်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ရုံးတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင် တောင်ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
ပဲခူး (အနောက်) ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်
ဖြိုးစေတနာဆေးကုသရေးအဖွဲ့အခမဲ့ကွင်းဆင်းဆေးကုသ
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ(အခမဲ့)နယ်လှည့်အထွေ ထွေရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်း ဆောင် ခရိုင်ပါတီဘဏ္ဍာရေးမှူးဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့ သည် မှော်ဘီမြို့နယ် လှည်းငုတ်ချောင်းကျေးရွာအုပ်စု ရေတွင်းကုန်း ကျေးရွာမြောက်ပိုင်းဓမ္မာရုံတွင် ကျေးရွာနေမိဘ ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် လမ်းရှစ်လမ်းကွန်ကရစ်ခင်းကျင်းရန် ငွေလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင် သာယာမြို့နယ် အမှတ်(၁၁)ရပ်ကွက် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ လမ်းပေါင်း ရှစ်လမ်းကို ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနိုင်ရန် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ အလှူငွေကျပ်သိန်း၂ဝ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူရောင်ပန်းဘုန်းတော် ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း
ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှဘုရားတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၈၆)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၅ -၂-၂၀၁၈ ရက်နေ့ နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ် ၊ ဌာနချုပ်မှူး နှင့် ဌာနမှူးများ ၊ ပါတီဝင်များ တက်ရောက်လှူဒါန်းခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များတွင်ကျင်းပပြုလုပ်သည့် ရပ်/ကျေးဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲတက်ရောက်
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းသည် ၂၂-၂-၂၀၁၈ ရက်နေ့နှင့် ၂၃-၂-၂၀၁၈ ရက်နေ့များတွင် ရွှေဘိုခရိုင်အတွင်းရှိ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့်ဝက်လက်မြို့နယ်ပါတီရုံးများ၌ ကျင်းပပြုလုပ်သည့် ရပ်/ကျေး ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲများသို့ တတ်ရောက်၍ အမှာစကားပြောကြားခဲ့ကာ ခန့်အပ်လွှာများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါတာဝန်ပေးအပ်ပွဲများသို့ တိုင်းပါတီဥက္ကဌနှင့်အတူ တိုင်းပါတီကော်မတီဝင် ရွှေဘိုခရိုင်တာဝန်ခံဦးသန်းဝင်းထွန်း၊ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေးနှင့်ခရိုင်ပါတီကော်မတီဝင်များ ၊မြို့နယ်ပါတီ ဥက္ကဌများ၊မြို့နယ်ကော်မတီဝင်များ၊မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ရပ်/ကျေးပါတီ ဥက္ကဌများ
တတ်ရောက်ခဲ့ကြပါသည်။
လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါပေါ်ကလဲကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ
လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ၂၃