ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါတီဌာနချုပ်လေ့လာရေးနှင့် သြဝါဒခံယူခြင်း

 

အဆိုပါလေ့လာရေးခရီးစဉ်ကိုမန္တလေး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး | ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ညိမ်းတို့မှ ဦးဆောင်စီစဉ်ခဲ့ကြပြီး ၁၈.၃.၂၀၁၈ မှ ၁၉.၃.၂၀၁၈ရက်နေ့ထိ သွားရောက်လေ့လာခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ်မှ ပါတီဝင်အင်အား ၇၀ ဦးဖြင့် နေပြည်တော်ပါတီဌာနချုပ်အတွင်းလှည့်လည်လေ့လာခြင်းနှင့်တိုင်းပါတီနယ်မြေတာဝန်ခံ ဗဟိုပါတီကော်မတီဝင် ဦးဝဏ္ဏမောင်လွင်ထံမှ သြဝါဒခံယူခြင်းများ ပြုလုပ်ခဲ့ပါသည်။


ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်မှ ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန်ပေး အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော် မတီမှ ဗဟိုပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးတင်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်းမီဒီယာတာဝန်ခံဦးကျော်စိုး၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီကော်မတီဝင်ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီနာယက ဦးဝေဇင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလှမြင့်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား ၈၅ ဦး တက်ရောက်ကြသည်။

ဂန့်ဂေါခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းဝေးပြုလုပ်

 

ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ၁၈.၃.၂၀၁၈ ရက်နေ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဂန့်ဂေါခရိုင်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းပါတီကော်မတီဝင် ဂန့်ဂေါခရိုင် တာဝန်ခံ ဦးဝင်းမြင့်မောင် တက်ရောက်ပြီး အစည်းအဝေးတွင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း ၊ ဆောမြို့နယ်များမှ ခရိုင်ကော်မတီဝင်များ၏ တင်ပြချက်များအား ပွင့်လင်းစွာဆွေးနွေးကြပါသည်။
ယခုနှစ်နွေရာသီတွင် ခရိုင်ပါတီမှ ကြီးမှူးကျင်းပမည့် အခြေခံကွန်ပျူတာသင်တန်း ၊ English Grammar သင်တန်း၊ နှင့်Mobile Software & Hardware သင်တန်းများနှင့်ပတ်သက်၍ ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးအောင်စိုးမင်းမှ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌတာဝန်ပေးအပ်ရန် အကြိုညှိ့နှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နေ့လည် ၁ နာရီမှ စတင်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်နှင့် အတွင်းရေးမှူး ဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှူး ဦးသန်းထိုက်နှင့် ရေးရာတာဝန်ခံများ ၁၉/ရပ်ကွက်ရှိ ရပ်ကွက်ပါတီခေါင်းဆောင်များ၊ ရပ်ကွက်ပါတီရေးရာတာဝန်ခံများ စုစုပေါင်း ၇၅ ဦးတို့သည် ရပ်ကွက်ပါတီဥက္ကနှင့် ကော်မတီများ တာဝန်ပေးအပ်ပွဲ အကြို ညှိုနှိုင်းအစည်းအဝေးအား တက်ရောက်ကြပါသည်။ မြို့နယ် ပါတီဥက္ကဌ ဦးခင်မောင်မြင့်က လုပ်ဆောင်ရမည့်ပါတီလုပ်ငန်းစဉ်များကို လမ်းညွန်အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင်ရေးရာတာဝန်များက ရေးရာအလိုက်ေ ဆွးနွေးကြပါသည်။ တက်ရောက်လာသူများမှ မရှင်းလင်းသည့် ကိစ္စများဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဌမှလိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းပေးပြီး အစည်းအဝေးအား နေ့လည် (၂) နာရီတွင် အောင်မြင်စွာပြီးမြောက်ပါသည်။

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆောင်စွမ်းအားလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၂) ကို သင်တန်းဖွင့်လှစ်

 

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆောင်စွမ်းအားလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၂) ကို သင်တန်းဖွင့်လှစ်ခြင်းကို ၁၈.၃. ၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပခဲ့ပါသည်။
သင်တန်းကို နာရီ ၄၀ သက်မှတ်ခြင်း၊ ပညာဒါန(သင်တန်းကြေးပေးသွင်းရန်မလို)၊ အခြေခံပညာအထက်တန်းအဆင့်ရှိရမည်၊ သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်၊ သင်တန်းသားကန့်သက်ချက် (၄၀) ဦးသာ လက်ခံမည်၊ နယ်ဝေးမှ တက်ရောက်မည့်သူများ နေရာစီစဉ်ပေးမည်။

ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များတာဝန်ပေးခန့်အပ်ပွဲ သင်္ဃန်းကျွန်းမြို့နယ်တွင်ကျင်းပ

 

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ ၌ ယနေ့နံနက် ၉ နာရီက မြို့ နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်မှ စည်းရုံးရေးမှူး များအား ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ တာဝန်ပေးခန့်အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုး လူငယ်ထုဆွေးနွေးပွဲ ဗဟိုအလုပ်အမှုဆောင်များအားပေး

 

ရန်ကုန် မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ လူငယ်ထုဆွေးနွေးပွဲ နှင့်စာတမ်းဖတ်ပွဲကို ယမန်နေ့ ည၁၁နာရီက ရွှေပြည်သာမြို့နယ် ကော်မတီရုံးတွင်ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဒေါ်မိုးမိုးအိ၊ ခရိုင် လူငယ်တာဝန်ခံများ၊မြို့နယ်လူငယ် တာဝန်ခံများနှင့် ရန်ကုန်အနောက် ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်မှ လူငယ်အင်အား ၃၅ဝတက်ရောက် ခဲ့သည်။
အဆိုပါလူငယ်ဆွေးနွေးပွဲတွင် တက်ရောက်လာ သည့် လူငယ်များကို အဖွဲ့ခုနစ်ဖွဲ့ခွဲ၍ ခေါင်းစဉ် ခုနစ်ခုကို ဝိုင်းဖွဲ့ဆွေးနွေးကြရာ ပါတီဗဟိုအလုပ် အမှုဆောင် ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေး မှူးဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသ ကြီး ပါတီကော်မတီဝင်များမှ လိုက်လံ ကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရှိရသည်။

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ သင်္ဃန်းကျွန်းမြို့နယ်​ ရပ်​ကွက်​ဥက္ကဌနှင့်​ ​ကော်​မတီဝင်​များ တာဝန်​​ပေးအပ်​ပွဲ

 

ချောက်ပြည်ခိုင်ဖြိုး အိုးဘိုမီးဘေးသင့် ပြည်သူများအား ဆန်နှင့်ငွေလှူဒါန်း

 

ချောက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်၊ မြို့နယ်ကော်မတီဝင်များ၊ စည်းမှူးများမှ မကွေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော တစ်အိမ်ထောင် လျှင် ဆန်ရှစ်ပြည်နှင့် ဆန်ပြည် ၁၆ဝ၊ ချောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ကျပ် နှစ်သိန်းတို့ကို ဆားလယ်ကျေးရွာအုပ်စု အိုးဘိုရွာ မီးဘေးသင့် အိမ်ထောင်စု ၂ဝ အား မတ် ၁၈ ရက်တွင် ဒုတိယအကြိမ်မြောက် သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအခြေခံစက်ချုပ်(အခမဲ့)သင်တန်းဖွင့်

 

သနပ်ပင် မတ် ၁၈

ပဲခူးခရိုင်သနပ်ပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖွင့်လှစ်သည့် လူငယ်(ကျား/မ)များ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးနှင့်မိသားစုဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး အသက် မွေးဝမ်းကျောင်းပညာဖြစ်သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်း အား ယနေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံးခန်းမ၌ စတင် ဖွင့်လှစ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်မျိုးဝင်းနှင့် မြို့နယ်ကော်မတီ ဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်သည်။
အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် စက်ချုပ် သင်တန်းနည်းပြ (လူငယ်ရေးရာတာဝန်ခံ)ဦးဇော်ထွန်းတို့က အမှာ စကားအသီးသီးပြောကြားပြီး အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်း၍ သင်တန်းအား ဆက်လက် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။