နေပြည်တော် ၊ ဧပြီ ၃
တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ် – ၇ လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်  အကွာ အမြင့်မီတာ ၅၀၀ ခန့် အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ သည်။
နေပြည်တော် ၊ ဧပြီ ၃
တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ် – ၇ လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်  အကွာ အမြင့်မီတာ ၅၀၀ ခန့် အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ဆုတံဆိပ်အများဆုံးရ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်ဥက္ကဋ္ဌရာထူးမှာ ဧပြီလ ၂ ရက်တွင် အပြောင်းအလဲဖြစ်ပေါ်သွားခဲ့ကြောင်း အဆိုပါလုပ်ငန်းစု၏ အကြီးအကဲတစ်ဦးဖြစ်သူ ဒေါ်နန်းလိုင်ခမ်း က အတည်ပြုရေးသားဖော်ပြလိုက်သည်။
ကမ္ဘောဘဏ်နှင့်လုပ်ငန်းစုတစ်ခုလုံး၏ ဥက္ကဋ္ဌမှာ ပရဟိတသူဌေးကြီးဟု နာမည်ကြီးနေသော ဦးအောင်ကိုဝင်း ဖြစ်ပြီး ကမ္ဘောဇဘဏ်ဥက္ကဋ္ဌတာဝန်ကို ဦးအောင်ကိုဝင်းထံမှ ဦးမြသန်းက လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ” ဒီနေ့မှာတော့ ကမ္ဘောဇဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့က ကျွန်မရဲ့ဖေဖေ ဦးအောင်ကိုဝင်းကို ဘဏ်ရဲ့ “နာယက” “Chairman Emeritus” အဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

3 April 2018
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဆူရာကီရတ် ဆာသီရာထိုင်းဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။

နေပြည်တော်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများရှိ မြန်မာ ရွှေ့ ပြောင်း လုပ်သား ၁၄၅၀၀၀ ခန့် ကို CI ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံရှိ ငါးဖမ်း လုပ်ငန်းတွင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ ဘေးအန္တရာယ်များ သိရှိနားလည်ရေး ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

3 April 2018
မြန်မာနိုင်ငံရဲ့ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ပြည်ပ ကုန်သွယ်မှု အခြေအနေဟာလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် တိုးတက်လာတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။
မနေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ (၁၆) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေ က ပြောသွားတာပါ။

မိုင်းဖြတ် ၊ ဧပြီ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ ဘုန်းကြီးကျောင်းရှိ အာယုဒီဃ ဆွမ်းစားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒတောင်တန်းသာသနာပြု (ဗဟို) ကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်သတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

မိတ္ထီလာ ဧပြီ ၂

မကွေး၊ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တိုင်းလုပ်ငန်းစိစစ်ရေးကော်မတီနှင့် မကွေးမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီတွင် တိုင်းပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းလုပ်ငန်းစိစစ်ရေးတာဝန်ခံ ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန် ဧပြီ ၂

ရန်ကုန် ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို လမ်းမတော်မြို့နယ် ပါတီရုံးခန်းမ၌ မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။