ဝေဖန်အကြံပြုမှုများကို လေးစားသောကြောင့် ပါတီအမည်ထပ်ထည့်ပြီး မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးပြော

ရှစ်လေးလုံးပါတီအမည်ကနေ ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲပြီး မှတ်ပုံတင်ခဲ့ခြင်းသည် ဝေဖန် အကြံပြုသူများအား လေးစားသောကြောင့် ဖြစ်သည်ဟု ပါတီဦးဆောင်တည်ထောင်သူ ဦးကိုကိုကြီးက မဇ္ဈိမသို့ ပြောသည်။

“ဒီအတိုင်းသုံးတာထက် ထပ်မံဖြည့်စွက်ပြီးသုံးရင် ပိုကောင်းကြောင်း အပြုသဘောဝေဖန်အကြံပြုသူတွေကို လေးစားတဲ့ အနေနဲ့ပါ” ဟု ဦးကိုကိုကြီးကဆိုသည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင် နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအရေးပေါ် စုံညီအစည်းအဝေး ခေါ်ယူခဲ့ကာ ပါတီအမည်ပြောင်းလဲပြီး မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

အဝေးပြေးကားလက်မှတ် တရားမဝင်ရောင်းချခြင်းနှင့် ကြားကားများ မပြေးဆွဲနိုင်ရန် စစ်ဆေးကြပ်မတ်နေ

သင်္ကြန်ရုံးပိတ်ရက်တွင် တရားမဝင် အဝေးပြေးကားလက် မှတ်ရောင်းချခြင်းနှင့် ကြားကားများ ဝင်ရောက် ပြေးဆွဲခြင်းမပြု လုပ်နိုင်စေရန် စစ်ဆေးကြပ်မတ် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးတာဝန်ခံ ဦးဘမြင့်က ပြောသည်။

ယခင်နှစ်များက သင်္ကြန်ရုံး ပိတ်ရက်တွင်ခရီးသွားများကို ဂိတ်အပိုင်မရှိသူအချို့က အဝေးပြေးကားလက်မှတ် အရောင်းကောင်တာများဖွင့်၍ရောင်းချပြီးနောက် ငွေလိမ်လည်မှုများရှိခဲ့ရာ ယခုနှစ်တွင် ထိုပြဿနာများမဖြစ် စေရန် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဖွဲ့ကာ အဝေးပြေးဝင်းအတွင်း လှည့်လည်စစ်ဆေးနေသည်ဟု ၎င်းက ဆို သည်။

လေသူရဲဗိုလ်မှူးအာကာဝင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ချီးကျူးဂုဏ်ပြု

 

ဧပြီလ ၃ ရက်နေ့က တောင်ငူမြို့နယ်ကျွန်းကုန်းကျေးရွာနားမှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်လေက F 7 တိုက်လေယာဉ်ပျက်ကျမှုမှာ ကျွန်းကုန်း ကျေးရွာပေါ်ကို လေယာဉ်ပျက်ကျမှုမရှိစေဖို့ ထိန်းကြောင်းမောင်းနှင် ခဲ့တဲ့ လေသူရဲဗိုလ်မှူးအာကာဝင်းကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စစ်ဆေးချက်တွေအရ လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းက ဧပြီ ၃ ရက် မနက် ၁၀ နာရီ ၃၆ မိနစ်မှာ လေယာဉ်လေ့ကျင့်ပျံသန်းမှု စတင်ခဲ့ပြီး ၁၀ နာရီ ၄၄ မိနစ်မှာ လေယာဉ်ပြန်လည် ဆင်းသက်ဖို့ လေကြောင်းထိန်းတာဝါကို သတင်းပို့ခဲ့ပြီး လေယာဉ်ဆင်း ပတ်လမ်းအတွင်းကို ချဉ်းကပ်ဝင်ရောက်ချိန် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့လို့  အင်ဂျင်စက်ရပ်တန့်ခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး Ms.Vanessa Chan မှ လာရောက်တွေ့ဆုံ

နေပြည်တော် ဧပြီ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms.Vanessa Chan က ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့် တွေ့ဆုံ

ရန်ကုန် ဧပြီ ၎

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း (အခမဲ့) ကွင်းဆင်းကုသ

 

ရန်ကုန် ဧပြီ ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း ကွင်းဆင်းကုသရေးအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ (၄၆) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင် ရပ်ကွက်အတွင်း ခံတွင်းနှင့်သွားဝေဒနာရှင် ၃ဝ အား အခမဲ့ သွားနှင့်ခံတွင်း ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

၁၃၈၀ – ခုနှစ် ၊ အတာသင်္ကြန်ပွဲတော်ကို မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးရုံးဝင်းအတွင်း စည်းကားသိုက်မြိုက်စွာ ကျင်းပမည်

ဒီကနေ့ (၅.၄.၂၀၁၈) ရက်နေ့ မိုင်းပျဉ်းမြို့နယ် လွှတ်တော်ရုံးခန်းမ၌ ၁၃၈၀ – ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အရန်ပြည်နယ် ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန်က ပွဲတော်စီမံချက်နှင့် ပတ်သက်၍လည်းကောင်း ၊ တက်ရောက်လာသူများမှ သက်ဆိုင်ရာအလိုက်လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။ အဆိုပါ အခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးမှ ပါတီဝင်များ စုစုပေါင်း (၁၀၂) ဦးခန့် တက်ရောက်ကြပါသည်။

မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရီးသွားပြည်သူများအတွက် နားနေဆောင်ဖွင့်လှစ် ရေသန့်ဘူးများလှူဒါန်း

 

မြောင်းမြ ဧပြီ ၎

မြောင်းမြကြိုးတံတား ပြတ်ကျမှုဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိရာ မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှ ဇက်ရေယာဉ်ဖြင့် ပို့ဆောင်နေစဉ် ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြောင်းမြမြို့နယ်ပါတီရုံးအား ခရီးသည်များနားနေရန် စီစဉ်ထားခြင်းနှင့် ရေသန့်ဘူးများ အခမဲ့ ဖြန့်ဝေပေးခြင်းများကို ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးပြုံးချို၊ မြောင်းမြခရိုင်ကော်မတီဝင် ဦးလှမြင့်ထူး၊ မြောင်းမြမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမော်၊ မြောင်းမြမြို့နယ်ပါတီ လူငယ်တာဝန်ခံ ဦးအောင်နိုင်ဦးတို့က ဦးဆောင်လျက် လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ပန်ချီပြပွဲ လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ယဉ်ကျေး သင်္ကြန်ရေပက်ဖြန်းခြင်း နှစ်ဦးအကြိုမင်္ဂလာ ကျင်းပပြုလုပ်

ရန်ကုန် ၊ ဧပြီ ၅