စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သင်တန်းသားများနှင့်ရင်းနှီးစွာတွေ့ဆုံ

 

ရန်ကုန် မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး စမ်း ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်အနောက်ပိုင်း ခရိုင် စမ်းချောင်းမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ဥက္ကဋ္ဌ ဦးဌေးအောင်၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီ ဝင်များသည် စက်ချုပ်သင်တန်းသူ များ၊ ကွန်ပျူတာ သင်တန်းသား သင်တန်းသူများနှင့် ရင်းနှီးပွင့်လင်း စွာတွေ့ဆုံ၍ အလုပ်အကိုင်အဆင် ပြေချောမွေ့စေရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ခရိုင်ပါတီကော် မတီဝင်ဒေါ်စန်းစန်းဝင်း(၂)၊မြို့နယ် ဥက္ကဋ္ဌ ဦးဌေးအောင်တို့က အမှာ စကားပြောကြားပြီး မုန့်/တောင် ရပ်ကွက်ပြည်သူဦးမျိုးဦး၏ကျန်းမာ ရေးအခက်အခဲအတွက်ကူညီထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာမှ မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီး ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီများစုပေါင်း၍ ဆန်ဆီနှင့်အလှူငွေများ ထပ်မံထောက်ပံ့ကူညီအားပေး

 

တံတားဦး မတ် ၂၈

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့ နယ် ခေါင်းကွဲရွာရှိ မီးဘေးသင့် ပြည်သူများအား မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများမှ စုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရွာသို့ သွားရောက် ကာ ဆန်ဆီနှင့်အလှူငွေများ ထပ်မံ ထောက်ပံ့ကူညီအားပေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဝင်များက (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ကြောင်းကြီးများကို ဂုဏ်ပြုပန်းကုံး ပန်းစည်းများဖြင့်ကြိုဆို

 

နေပြည်တော် ဇေယျာသီရိမြို့ နယ်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ ၂ဝ၁၈ခုနှစ် (၇၃)နှစ်မြောက် တပ်မ တော်နေ့ စစ်ရေးပြအခမ်းအနားကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပရာ စစ်ရေးပြစစ်ကြောင်း ကြီးများအလိုက် ပါဝင်ချီတက်လာ သော တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များအား ပြည် ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီဝင်များက ချီတက်ရာလမ်း ကြောင်းတစ်လျှောက်တွင် ဂုဏ်ပြု ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆို ခဲ့ကြသည်။

တပ်မတော်နေ့စစ်ရေးပြအခမ်းအနားနှင့်ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးတက်ရောက်

 

၂ဝ၁၈ ခုနှစ် မတ် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်စစ်ရေးပြကွင်းကြီးတွင်ကျင်းပခဲ့သည့် (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင်ကျင်းပခဲ့သော (၇၃)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များနှင့်ဇနီးများ တက်ရောက်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်ဇနီးအား ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက် ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စာဖြေသံဃာတော်များအား ဖျော်ရည်များဆက်ကပ်လှူဒါန်း

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် အမှတ်(၂)ရပ်ကွက် ရွှေပြည်စိုးသာသနာ့ဗိမာန်တော်တွင် မြတ်ဗုဒ္ဓ၏တရားတော်များဖြေဆိုလျက်ရှိသော ပါဠိပထမပြန် စာမေးပွဲ(ကြီး၊ ငယ်၊ လတ်၊ မူ)စာဖြေသံဃာတော် ၂၆၈ ပါးတို့အား မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် စတော်ဘယ်ရီဖျော်ရည်များဆက်ကပ်လှူဒါန်းခဲ့ကြရာ ယင်းလှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ပါတီဝင်လူငယ်အမျိုးသမီးများတက်ကြွစွာ ပါဝင်ကူညီလှူဒါန်းကြကြောင်းသိရသည်။

ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

ဖရူဆိုမြို့၊ မတ်လ ၂၈

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နွားလ၀ိုးကျေးရွာအုပ်စု ပဒါးညေးရွာပါတီဝင်တွေ့ဆုံပွဲနှင့် ချိကယ်ကျေးရွာအုပ်စု လွယ်တမူရွာအ၀င်အထွက် ဆိုင်းဘုတ်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း

 

လွိုင်ကော်မြို့၊ မတ်လ ၂၆

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း ၀၀ နာရီအချိန်​တွင်​ တိုင်းပါတီအစည်းအ​ဝေးခန်းမ၌ြ ပုလုပ်​ခဲ့ရာ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသ‌ကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်းအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်းနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​​ဆွေး​နွေး ညှိနှိုင်း​ဆောင်​ရွက်
‌လျက်​ ရှိပါသည်​ ။

သာကေတပြည်ခိုင်ဖြိုးပါတီမှ အခြေခံအဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်

 

ပြည်ခိုင်ဖြိုးပါတီ သာကေတမြို့နယ် မြို့နယ်ပါတီရုံးခန်းမတွင် ယနေ့(28-3-2018)နေ့နံက်{၈း၀၀}နာရီအချိန်တွင် အမျိုးသမီးဘဝမြှင့်တင်ရေး အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအခမ်းအနားတွင် ရန်ကုန်တိုင်းပါတီအတွင်းရေးမူးဦးသာဝင်းမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များမြို့နယ်ပါတီနာယကများမြို့နယ်ပါတီဥက္ကဌအတွင်းရေးမူးနှင့်မြို့နယ်ကော်မတီဝင်များရပ်ကွက်ပါတီဥက္ကဌများ စက်ချုပ်သင်တန်းသူများ အင်အား(၇၂)ဦးတို့ဖြင့် အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

#သာကေတ