
မိတ္ထီလာ ဧပြီ ၂

မိတ္ထီလာ ဧပြီ ၂

မကွေး၊ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တိုင်းလုပ်ငန်းစိစစ်ရေးကော်မတီနှင့် မကွေးမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီတွင် တိုင်းပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းလုပ်ငန်းစိစစ်ရေးတာဝန်ခံ ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန် ဧပြီ ၂

ရန်ကုန် ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို လမ်းမတော်မြို့နယ် ပါတီရုံးခန်းမ၌ မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

ရန်ကုန် ဧပြီ ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီကော်မတီရုံးတွင် ပြုလုပ်ကြောင်း သိရသည်။
ငဖဲ မတ်၃၁
စစ်တွေ၊ မတ် ၃၁
ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်အုပ်စု၊ ပိုးရွှီပြင်ကျေးရွာ၌ ကျးရွာပေါင်းစုံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မတ်လ ၃ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ အသင်းပေါင်း ၅၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုရရှိခဲ့သော သာစည်ကျေးရွာအသင်းအား ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆုတော်ငွေများနှင့် ဆုဖလားများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဆုအတွက် ချီးမြှင့်ငွေ နှစ်သိန်းကျပ်အပြင် ဆုဖလားအား စစ်တွေခရိုင် ပါတီကော်မတီဝင် ဦးသာထွန်းအေး (မြို့နယ်တာဝန်ခံ)နှင့် ပုဏ္ဏားကျွန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းတို့မှ ငွေကျပ် ( ၂၀၀၀၀၀ /-) နှစ်သိန်းနှင့်အတူ ဆုဖလားအား ချီးမြှင့်ခဲ့ရာ မြို့နယ်ကော်မတီဝင် ဦးဇော်ဦးမောင် (ပိုးရွှီပြင်နယ်မြေတာဝန်ခံ) က ပါတီကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့သည်။
၁ ဧပြီ၂၀၁၈