
ရန်ကုန် ဧပြီ ၂

ရန်ကုန် ဧပြီ ၂

ရန်ကုန် ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို လမ်းမတော်မြို့နယ် ပါတီရုံးခန်းမ၌ မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

ရန်ကုန် ဧပြီ ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီကော်မတီရုံးတွင် ပြုလုပ်ကြောင်း သိရသည်။
ငဖဲ မတ်၃၁
စစ်တွေ၊ မတ် ၃၁
ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်အုပ်စု၊ ပိုးရွှီပြင်ကျေးရွာ၌ ကျးရွာပေါင်းစုံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မတ်လ ၃ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ အသင်းပေါင်း ၅၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုရရှိခဲ့သော သာစည်ကျေးရွာအသင်းအား ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆုတော်ငွေများနှင့် ဆုဖလားများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဆုအတွက် ချီးမြှင့်ငွေ နှစ်သိန်းကျပ်အပြင် ဆုဖလားအား စစ်တွေခရိုင် ပါတီကော်မတီဝင် ဦးသာထွန်းအေး (မြို့နယ်တာဝန်ခံ)နှင့် ပုဏ္ဏားကျွန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းတို့မှ ငွေကျပ် ( ၂၀၀၀၀၀ /-) နှစ်သိန်းနှင့်အတူ ဆုဖလားအား ချီးမြှင့်ခဲ့ရာ မြို့နယ်ကော်မတီဝင် ဦးဇော်ဦးမောင် (ပိုးရွှီပြင်နယ်မြေတာဝန်ခံ) က ပါတီကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့သည်။
၁ ဧပြီ၂၀၁၈
၃၀ မတ်၂၀၁၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့န ယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ရပ်/ကျေးပါတီဥက္ကဌတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ယင်းနောက် ပြည်ခိုင်ဖြိုးပါတီတိုင်းအလုပ်မှုဆောင်ဦးလှစိုးမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမျိုးမြင့်၊ တိုင်းပါတီ အရန် ကော်မတီဝင် ဦးဝင်းတင့် တို့က ရပ်ကွက်နှင့်ကျေးရွာပါတီ ဥက္ကဌများအား တာဝန်ခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့ကြပါသည်။
Crd;
၁ ဧပြီ၂၀၁၈
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူးး ဦးကြည်ထွန်း၊ တိုင်းပါတီလုပ်ငန်းစိစစ်ရေးအဖွဲ့တာဝန်ခံ ဦးစောဝင်းမောင်နှင့် မကွေးခရိုင်ပါတီဥက္ကဌ တို့သည် ရေးနံချောင်း၊ ချောက်၊ မြို့သစ်၊ နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်များသို့ ပါတီလုပ်ငန်းစနစ်တကျရှိစေရေး၊ ရေးရာကော်မတီအလိုက် ဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်လှုပ်ရှားနိုင်ရေးအတွက် လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးအတွင်း ကျန်မြို့နယ်များအားလုံးလုပ်ငန်းစိစစ်နိုင်ရေး၊ ရေးရာအလိုက် ကော်မတီများ လုပ်ငန်းဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည် ။