မအူပင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီသည် စဉ်ဆက်မပြတ် ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့ကြရာတွင် ယနေ့နံနက် ၉ နာရီ ၌ မအူပင်မြို့နယ် မလက်တိုကျေး ရွာအုပ်စု လက်ပန်ကုန်းကျေးရွာမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

 

အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စိန္တိတာလင်္ကာရ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ နိုင်ငံ့စွမ်းဆောင်ရည်ဆုရှင်) ဆရာတော် ကြီး၏ ဂုဏဝိသိဋ္ဌပူဇော်ပွဲ မော်လမြိုင်ကျွန်းမြို့နယ် ပစ္ဆိမာရုံကျောင်းတွင် ယနေ့ညနေ ၄ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပင့်သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် လှူဖွယ်ပစ္စည်းကပ်လှူခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ် ပါတီအတွင်းရေးမှူးဦးအောင်ဇော်လှိုင်၊ မြို့နယ်ဘဏ္ဍာရေးမှူးဦးသောင်းဦးနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်များ စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှိးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မုံရွာမြို့ မြစန္ဒာခန်းမတွင် ကျင်းပသည်။

NCA လက်မှတ်ထိုးခေါင်းဆောင်များ အစည်းအဝေးတွင် အစိုးရနှင့် တွေ့ဆုံမည့်ကိစ္စ အဓိကဆွေးနွေး

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသတောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် မေလလယ်၌ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည့်ကိစ္စကို    အဓိကအချက်အနေဖြင့်    ဆွေးနွေးနေကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ အတွက် အကောင်းဆုံးပြင်ဆင်ထား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ တို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်လျှက်ရှိသည်ဟု ၎င်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က မဇ္ဈိမကိုပြောသည်။ ဦးဝဏ္ဏမောင်လွင်က”ပါတီစုံဒီမိုကရေစီခေတ်မှာ ရွေးကောက်ပွဲဆိုတာ ၅ နှစ်တစ်ကြိမ်ရှိနေမှာပဲ။ ရှိနေတဲ့အခါမှာ အကောင်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ပြိုင်ရမှာပေါ့။”ဟု ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကြောင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အပြောင်းအလဲ မရှိနိုင်ဟုဆို

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို စည်ပင်ဥပဒေအတည်ပြုပြီးနောက် ပြုလုပ်မည်ဖြစ်ပြီးကြားဖြတ် ရွေးကောက်ပွဲကြောင့် အပြောင်းအလဲရှိနိုင်မည် မဟုတ်ကြောင်း ရန်ကုန်စည်ပင် တွဲဖက် အတွင်းရေးမှူးဦးသန်းက ပြောသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို တိုင်းဒေသကြီး လွှတ်တော်တွင် ဖေဖော်ဝါရီက တင်ပြထားပြီး လွှတ်တော်၌ ဆွေးနွေးအတည်ပြုပြီးပါက  ယခုနှစ်အတွင်း ပင်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော်ဝန်  ဦးမောင် မောင်စိုးကပြောကြားထားသည်။ 

သမ္မတနှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ရခိုင်အရေး၊ နယ်စပ်အရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စများ ဆွေးနွေး

သမ္မတဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့ကို ယမန်နေ့ က လက်ခံတွေ့ဆုံစဉ်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်။ ထို့အတူ နှစ်နိုင်ငံနယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

တရုတ်လုံခြုံရေး ဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံ

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ရဲအသုံးအဆောင် ပစ္စည်းတွေ ကူညီ ထောက်ပံ့ပေးတဲ့ အပြင် ရဲကွပ်ကဲမှု ဗဟိုဌာနတခုထူထောင်ဖို့ရာလည်း ကူညီလာဖွယ်ရာရှိပါတယ်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Zhao Kezhiရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်း မှာ ဆွေးနွေးခဲ့ ကြတယ်လို့ မြန်မာအာဏာပိုင်တွေ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ သဘောထားဆုံးဖြတ်ချက်မူကြမ်း တရုတ်သဘောမတူ

ရိုဟင်ဂျာမွတ်လင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြေညာချက်ထုတ်ပြန်ဖို့ ဆွေးနွေးနေရာမှာ ပြင်းထန်တဲ့ စကားလုံး တွေ သုံးစွဲမယ့်အရေးကို တရုတ်နိုင်ငံက သဘောမတူသေးဘူးလို့ သိရပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က “အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ဖို့ အရေးကြီး ကြောင်း” ဗြိတိန်နိုင်ငံက အဆိုပြု ရေးသားထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နိုင်ငံက ပယ်ဖျက်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား မြန်မာနိုင်ငံတွင် အာမခံထားရှိစေပြီးမှ စေလွှတ်ရန် စီစဉ်နေ

 

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား မြန်မာနိုင်ငံတွင် အာမခံထားရှိပြီးမှ စေလွှတ်ရန် စီစဉ်နေကြောင်း မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ မြန်မာအလုပ်သမားများအနေဖြင့် ပြည်ပသို့ သွားရောက်လုပ် ကိုင်ရာတွင် ထိခိုက်ဒဏ်ရာရပါ ကအထောက်အပံ့ပြန်လည်ရရှိစေရန် ရည်ရွယ်၍ အာမခံထားရှိစေမည့် စနစ်အကောင်အထည်ဖော်ရန် စီစဉ်နေ ကြောင်း ၎င်းက ဆိုသည်။