ပန်းတောင်းပြည်ခိုင်ဖြိုးပါတီလူမှုရေးလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်း

 

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသန်းဇော်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်း မြို့နယ် လဲအုပ်စုခုံကြီးကျေးရွာတွင် မီးသဂြုင်္ိဟ်စက် တည်ဆောက်နေ သည့်နေရာအား သွားရောက်ကာ မီးသဂြုင်္ိဟ်စက် ဖြစ်မြောက်ရေး အတွက် အလှူငွေများလှူဒါန်းခဲ့ ရာ ကျေးရွာကော်မတီမှ လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန် လည်ပေးအပ်ခဲ့သည်။

သူရအောင်(ပြည်)

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ (၄၉)ရပ်ကွက်တွင် သွားနှင့်ခံတွင်းအခမဲ့ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာသွား နှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ (၄၉)ရပ်ကွက် အတွင်း သွားနှင့်ခံတွင်းဝေဒနာရှင် ၄၉ ဦးအား သွားနှင့်ခံတွင်းရောဂါ များကို ကွင်းဆင်းကုသဆောင်ရွက် ပေးခဲ့သည်။

ကာမိုင်းမြို့ မီးဘေးသင့် မိသားစုဝင်များအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေပေးအပ်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ မီးဘေးသင့် မိသားစု ဝင်များအား ကာမိုင်း ပြည်ခိုင်ဖြိုး ပါတီမှ ထောက်ပံ့ငွေပေးအပ်ခဲ့ သည်။

တောင်တွင်းကြီး၌ ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်များ ကွင်းဆင်း ပေးအပ်လျက်ရှိရာ ယမန်နေ့ ညပိုင်းက အုန်းတော(၂)ရပ်ကွက် ပါတီ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲကျင်းပခဲ့သည်။

အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးလူငယ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်အနောက်ပိုင်းခရိုင်ပြည် ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်ပါတီကော် မတီဝင်များ၊ မြို့နယ် ၁၃ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရ သည်။

မြန်မာ- ဗီယက်နမ် ယဉ်ကျေးမှု ပူးပေါင်းဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပ

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် ‘Honoring brands in cultural activities and international integration ဖျော်ဖြေပွဲကို ဧပြီလ ၂၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံယဉ်ကျေးမှုအနုပညာအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှုအနုပညာအဖွဲ့တို့ ပူးပေါင်း ဖျော်ဖြေတင်ဆက် ခြင်းဖြစ်ပြီး မြန်မာ – ဗီယက်နမ် တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် Cultural Cooperation Program (2017- 2020) အရ အဆိုပါဖျော်ဖြေပွဲကို ကျင်းပရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်ရေး သေချာလုပ်ဆောင်ဖို့ ASEAN တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် တဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ၊ နေရပ်ကို ဂုဏ်သိက္ခာ ရှိရှိနဲ့ ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က တိုက်တွန်း သွားပါတယ်။ အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း စင်္ကာပူ ၀န်ကြီးချုပ်က အခုလိုပြောသွားတာပါ။