ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပ

 ပေါင်၊ မေ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း (ဗဟိုအလုပ်အမှုဆောင်) တက်ရောက်ကာ လမ်းညွှန်အမှာစကားပြောကြားသည်။

ကာမိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ဖွင့်လှစ်သည့် အိမ်တွင်းလက်မှုပညာသင်တန်းဆင်း

ဖားကန့်၊ မေ ၆       

ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ သင်တန်းကာလ သုံးရက်ကြာဖွင့်လှစ်ခဲ့ သည့် အိမ်တွင်းလက်မှုပညာသင်တန်း အမှတ်စဉ် (၂/၂ဝ၁၈) ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲသို့ ကာမိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်၊ မြို့နယ် ပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးကျော်မျိုးဦးနှင့် အရန်ကော်မတီဝင် ဦးနော်ဂျာ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က အမှာစကားပြောကြားပြီး သင်တန်းသူများပြုလုပ်ထားသည့် အိမ်တွင်း လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးကာ အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကြသည်။

အခြေခံမော်တာနင်း အခမဲ့စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဖွင့်လှစ်

ကျောက်တန်း၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သောအခြေခံမော်တာနင်း အခမဲ့ စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်ဖ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ချောင်းဦး၊ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် ရပ်မိ/ ရပ်ဖ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံ

ရန်ကုန်၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဓနုတ်စံပြကျေးရွာ၌ပြုလုပ်ခဲ့ရာ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်သူလယ်သမားများနှင့်ဆိုင်သော ပါတီ၏ချမှတ်ထား သည့် မူဝါဒလမ်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီရှေ့လုပ်ငန်စဉ်များဆွေးနွေး

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်စိုးတို့သည် ယနေ့ နံနက် (၁၀) နာရီတွင် ညောင်ပင်သာကျေးရွာ ပါတီကော်မတီဝင်များဖြင့်တွေ့ဆုံ ၍ လက်ရှိနိုင်ငံရေးအခြေအနေ၊ ပါတီရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Aung Thut Ta Han


ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ယနေ့ ၃-၅-၂၀၁၈ ရက်နေ့ နံနက်(၁၀း၃၀)နာရီ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီနာယက ဦးတောရယ် ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင် များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးမော်ရယ် ဦးအောင်နိုင်ဦး ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေး တို့ တက်ရောက်ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေး

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်သင်္ဃန်းကျွန်းမြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် ရပ်ကွက်နေ အများပြည်သူတို့၏ တောင်းဆိုမှု အရ ယမန်နေ့ ညနေ ၅ နာရီ မှ ၆ နာရီခွဲအထိ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးပက်ဖျန်းပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှပန်းတောင်းမြို့နယ်အတွင်း သောက်သုံးရေလှူဒါန်း

 

ပန်းတောင်း မေ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြည်ခရိုင်ကော် မတီဝင် ဦးသောင်းထွန်းနှင့် ပန်းတောင်းမြို့နယ်ကော်မတီ ဝင်များသည် ယနေ့နံနက်ပိုင်း က မြို့နယ်အတွင်း သောက် သုံးရေရှားပါးမှုဖြစ်ပေါ်နေသည့် ရွှေညီနောင်အုပ်စု ရေမနောက် ကျေးရွာသို့ သွားရောက်ကာ သောက်ရေသန့်ဘူးကြီးများသွား ရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။

သူရအောင်(ပြည်)