ပြည်ခိုင်ဖြိုးပါတီ အရည်အချင်းမရှိဘူးလို့ ရေးသားပြောကြားမှုများကို လုံးဝငြင်းပယ်ကြောင်းနှင့် လူထုအား လမ်းပေါ်စွဲတင်တဲ့ အလုပ်မျိုး မလုပ်ကြောင်းကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးက တုန့်ပြန်ပြောကြား လိုက်ပါတယ်…

(၂၁.၅.၂၀၁၈) ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ (ရန်ကုန်တောင်ပိုင်းခရိုင်) ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲမှာ ပါတီဥက္ကဋ္ဌကြီးက ယခုလို တုန့်ပြန်ပြောကြားလိုက်တာပါ..။ နိုင်ငံတော်မှာ အင်အားကြီးပါတီကြီး နှစ်ခု ရှိကြောင်း မှတ်ပုံတင်ထားတဲ့ပါတီပေါင်းက ၉၀ ကျော်ရှိကြောင်း ထိုအထဲမှာ မိမိတို့ပါတီ(ပြည်ခိုင်ဖြိုး) က အင်အားအများဆုံးလို့ ပြောလို့ရပါကြောင်း။ လွန်ခဲ့တဲ့ ၅ နှစ်ကလည်း နိုင်ငံတော်ကို အစိုးရအနေဖြင့် တာဝန်ယူခဲ့ တာ အားလုံးအသိဖြစ်ပါကြောင်း။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး ကွမ်းခြံကုန်းမြို့ နယ် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ကွမ်းခြံကုန်း၊ မေ ၂၁

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦဝဏ္ဏ​မောင်​လွင်​​ ပြည်​ခိုင်​ဖြိုးပါတီဌာနချုပ်​သို့ ​လေ့လာ​ရေး​ရောက်​ရှိ​နေကြ​သော မန္တ​လေးခရိုင်​အတွင်းရှိ (၇) မြို့နယ်​မှ လူငယ်​​ခေါင်းဆာင်​၊ ဒု​-ခေါင်း​ဆောင်​များအား​တွေ့ဆုံ နှုတ်​ခွန်းဆက်​စကား​ပြောကြား

(၂၁.၅.၂၀၁၈) ရက်​​နေ့ နံနက်​(၀၉း၀၀) နာရီအချိန်​တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ (မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ) ဦဝဏ္ဏ​မောင်​လွင်​သည်​ ပြည်​ခိုင်​ဖြိုးပါတီဌာနချုပ်​သို့ ​လေ့လာ​ရေး​ရောက်​ရှိ​နေကြ​သော မန္တ​လေးခရိုင်​အတွင်းရှိ (၇) မြို့နယ်​မှ လူငယ်​​ခေါင်းဆာင်​၊ ဒု​-ခေါင်း​ဆောင်​များ (၁၀၀) ​ကျော်​ခန့်​အား​တွေ့ဆုံပြီး နှုတ်​ခွန်းဆက်​စကား​ပြောကြားခဲ့ပါည်​။
အဆိုပါအခမ်းအနားသို့ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦး၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌများ၊ အတွင်း​ရေးမှူးများ၊ လူငယ်​အဖွဲ့ဝင်​များ စုစု​ပေါင်း(၁၀၀)​ကျော်​ခန့်​တက်​​ရောက်​ခဲ့ကြပါသည်​။

အကူအညီတောင်းခံစာများ လက်ခံရရှိသော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှသာ စတင်အကူအညီပေးနိုင်မည်ဟု ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဝင်ပြော

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် အကူအညီတောင်းခံ စာများ လက်ခံရရှိ သော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှ စတင်အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးကပြောသည်။

NCA လက်မှတ်ထိုးအဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေး မကြာမီကျင်းပမည်

အစိုးရနှင့် အလွတ်သဘော ဆွေးနွေးခဲ့သည်များကို ပြန်လည်သုံးသပ်ဆွေးနွေးရန် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို တစ် ပတ်အတွင်း ကျင်းပရန်ရှိသည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။ အစိုးရနှင့် အပစ်ရပ်အဖွဲ့များမှ ကိုယ်စားလှယ်များသည် မေလ ၁၈ ရက်နှင့် ၁၉ ရက်တွင် နေပြည်တော်၌ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ် သဘောဆွေးနွေးပွဲများ ပြုလုပ်ပြီးထပ်မံတွေ့ဆုံရန် မေလ ၂၈ ရက် နှင့် ၂၉ ရက်သို့ ချိန်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြေလည်မှုရရန် JICM အစည်းအဝေးခေါ်ယူရန်လို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြေလည်မှုရရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်အဆင့် တွေ့ဆုံသည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် လိုအပ်သည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောကြားသည်။ 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ ခရိုင်မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ

ဗန်းမော်၊ မေ ၂ဝ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦစိုးသိန်းနှင့် ဗဟိုကော်မတီဝင် ဗဟိုပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးတင်မြင့်လှိုင်တို့သည် ယခုလ ၁၈ ရက်မွန်းလွဲ ၁ နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ဗန်းမော်ခရိုင်ရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်တွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနား

ရန်ကုန်၊ မေ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စက်ဆန်းရပ်ကွက် သိဒ္ဓိအောင်ဓမ္မာရုံ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။

ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲ အခမ်းအနား

ဖါးဆောင်းမြို့၊ မေ ( ၁၉)

၁၉ – ၅ -၂၀၁၈ ရက်နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားအား ဖါးဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောကိုဒီ နေအိမ် (ပြည်ခိုင်ဖြိုးရုံး) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။