
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းက ပြောပါတယ်။
ဒီလို ထုတ်ဝေမှာကိုတော့ အခုအစိုးရလက်ထက်မှာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့လို ထုတ်ဝေမှုအတွက် အားလုံးပြင်ဆင်ပြီးသားဖြစ်ပြီးတော့ ဒီအစိုးရလက်ထက်မှာ ထုတ်လုပ်မှာဖြစ်တယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရလက်ထက်အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပါတ်သတ်ပြိး သတင်းထောက်တွေက မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာပါ။








