ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၂/၂ဝ၁၈)

 


သုံးကြိမ်ခန့်ရွှေ့ဆိုင်းထားသော ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မေလကုန်တွင်ကျင်းပရန်မသေချာ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မေလကုန်တွင် ကျင်းပရန် သဘောတူထားသော်လည်း လက်ရှိငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အခြေအနေများအရ သတ်မှတ်ချိန်အတိုင်း ကျင်းပရန် မသေချာကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၌ ၂၁ရာစု ပင်လုံကို ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် သဘောတူခဲ့ သည်။ သို့သော် အဆင်သင့်မဖြစ်၍ မေလကုန်တွင် ကျင်းပရန် ဧပြီလလယ်က နေပြည်တော်၌ ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော ဆွေးနွေးပွဲ၌ သဘောတူခဲ့ပြန်သည်။

ကချင်နှင့် ရှမ်းမြောက်ပဋိပက္ခတွင်ပါဝင်သည့်အဖွဲ့များ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လိုက်နာရန် ကုလတိုက်တွန်း

ကချင်နှင့်ရှမ်းမြောက်တွင် ဖြစ်ပွားသော ပဋိပက္ခများနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ အနေဖြင့် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို အပြည့်အဝ လေးစားလိုက်နာကျင့်သုံးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း လိုက်သည်။ ဂါဇာ၊ ဘူရွန်ဒီနှင့် မြန်မာ နိုင်ငံ၏ ဒေသတွင်းအခြေအနေ များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံး၏ မေလ ၁၅ ရက် သတင်း ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြခဲ့ သည်။

မြန်မာကို နိုင်ငံတကာဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်က မဟုတ်မမှန်ပြောကြားနေဟု မြန်မာ သံအမတ်ကြီး တုံ့ပြန်

မြန်မာနိုင်ငံကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချစေရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်မမှန်ပြောကြား၍ မြန်မာအစိုးရနှင့် ပြည်သူများကို ပုတ်ခတ် ဝေဖန်နေသည်ဟု မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်ရှင်းလင်းပွဲ၌ တုံ့ပြန်ခဲ့သည်။

လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာ ကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

မ​ကွေး၊ ​မေ ၊ ၁၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးတိုင်း​ဒေသကြီးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီမှ စတင်​၍ တိုင်း​​ဒေသကြီးပါတီ ‌အစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းလူငယ်​​ရေးရာတာဝန်​ခံ ဦး​ကျော်​သူဦး၊ တိုင်းပါတီ​ကော်
မတီဝင်​ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီ ဥက္ကဌ ဦးထွန်းရှိန်​၊ ခရိုင်​ကော်​မတီဝင်​ ဦး​အောင်​နိုင်​၊ မ​ကွေး၊ ​​တောင်​တွင်းကြီး၊ မင်းဘူးမြို့နယ်​တို့မှ အခမ်းအနား
ကျင်းပ​ရေး အဖွဲ့ဝင်​များ တက်ေ​ရာက်​​ဆွေး​နွေး​ ညှိနှိုင်း​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့်​ အဆိုပါလူငယ်​နှီး​နှောဖလှယ်​ပွဲကို ယခုလ ၂၂ ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​ သွားမည်​ဖြစ်​​ကြောင်း သိရှိရသည်​။

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီအဖွဲ့ပါတီဝင်အသစ်ရရှိရေး သွားရောက် စည်းရုံး ဆောင်ရွက်

 

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင် များသည် ယနေ့ နံက် (၁၀း၃၀)တွင် လက်ခုပ်ပင်ကျေးရွာအုပ်စု ရေပူအင်း ကျေးရွာရှိ ပါတီဝင်အသစ်များနှင့် တွေ့ဆုံ၍ ကျေးရွာ ရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ မတည်ဆောက်လုပ်ပေးခဲ့သည့် ကိုယ်ထူကိုယ်ထ တွဲဘက် အမက ကျောင်းဆောင် အတွက် လိုအပ်ချက်များ တွေ့ဆုံ မေးမြန်း ညှိနှိုင်း ခဲ့ကြပါသည်။

ကျောက်မဲပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေးစောက်ရှောက်မှုပြုလုပ်

 

ကျောက်မဲမြို့ ( ၈ ) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင်အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်း နှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အထွေထွေရောဂါကုဆေးခန်း မှ ယနေ့ ၂၀၁၈ မေလ ၁၆ ရက်နေ့တွင် သံဃာတော်များအပါအဝင် လူနာပေါင်း ၂၁ ဦး ကိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည် ။

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရွာဝင်လမ်းပြုပြင်ရန် ငွေလှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးလျက် ညောင်ဝိုင်းကျေးရွာမှ ပါတီဝင် များ တွေ့ဆုံပွဲနှင့် ရွာအဝင်လမ်းအတွက် ငွေလှူ ဒါန်းပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မအူပင် မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်း ကျေးရွာပါတီဝင် ဦးမြင့်ဌေး၏နေအိမ်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် သင်တန်းကျောင်းခန်းမဆောင်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်ကျင်းပသော စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်း အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် အစုအဖွဲ့ခေါင်းဆောင်များမှ မိမိတို့တာဝန်ယူထားသည့် စာတမ်းခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးက တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးကာ လိုအပ်ချက်များ ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။