
အကျင့်ပျက်ခြစားမှု ကာကွယ်ရေးအဆုံးသတ်ရေးနှင့် ပတ်သက်၍ အသိပညာနှင့် ကျွမ်းကျင်မှုဝေမျှရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) နှင့် တောင်ကိုရီးယား နိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့် အရေးကော်မရှင် (ACRC) တို့ နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။



