
မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး၌ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၁၂၁) အုပ်စုမှ အသစ်ဝင်ရောက်လာကြသော ပါတီဝင်များ၏ အဆိုပြုလွှာပေါင်း ၆၀၃ စောင်ကို နယ်မြေ ကိုယ်စားပြု ရပ်ကျေးပါတီဥက္ကဌ (၆) ဦးက ပေးအပ်ရာ သက်ဆိုင်ရာနယ်မြေမှူး မြို့နယ်ပါတီကော်မတီဝင်များက အသီးသီး လက်ခံကြပါသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်