မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပရာ မြို့နယ်ဥက္ကဋ္ဌ ဦးလှမိုင်နှင့် ကော်မတီဝင်များ၊ ဒေသတာဝန်ခံများ၊ အရန်ကော်မတီဝင်များ တက်ရောက်ပြီး အပြန်အလှန် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြောင်းသတင်းရရှိပါသည်။
မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပရာ မြို့နယ်ဥက္ကဋ္ဌ ဦးလှမိုင်နှင့် ကော်မတီဝင်များ၊ ဒေသတာဝန်ခံများ၊ အရန်ကော်မတီဝင်များ တက်ရောက်ပြီး အပြန်အလှန် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြောင်းသတင်းရရှိပါသည်။
ယနေ့ (31-5-2018) တာချီလိတ်မြို့ လွယ်တော်ခမ်းအုပ်စု ကုသိန္နာရုံဘုန်းတော်ကြီးကျောင်းရှိ ရန်အောင်မြေ အဘယလာဘမုနိစေတီတော်မြတ် တည်ဆောက်မှုအား တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံတို့ဦးဆောင်၍ ပါတီဝင်များအမျိုးသမီးရေးရာအဖွဲ့ဝင်များသွားရောက် လုပ်အားကုသိုလ်ယူခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ(၂ဝ၁၈) ဒုတိယနေ့အပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက တိုင်းဒေသကြီး၊ ပြည်နယ်ပါတီများမှ လူငယ်တာဝန်ခံများနှင့် လူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များအား တွေ့ဆုံလမ်းညွှန်မှာကြားခဲ့သည်။

မအူပင်၊ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွှေသမင်မော်တော် ယာဉ်လိုင်း (တက္ကသိုလ်ကြိုပို့ဆိုင်ကယ်) အသင်းဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ မေလ (၂၉) ရက်နေ့ နံနက် ၉ နာရီချိန်တွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရမှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားပြီး၊ သင်တန်း တက်ရောက်သော သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး၊ သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့ပြီး နံနက် ၁၀း၃၀ နာရီချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရ သည်။

ကုန်တွင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ရခိုင်၊မကွေး၊ မန္တလေး၊စစ်ကိုင်းတို့မှာ လေပြင်းတိုက်ခတ်နိုင်ပြီးတော့ တိုင်းနဲ့ ပြည်နယ် အနှံ့မှာ မိုးကြီးလာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကဒီနေ့မနက် ၁၁ နာရီမှာသတင်းထုတ်ပြန်ပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်က နောက်ထပ် ၉ နာရီအတွင်းမှာ အားလျော့သွားမှာဖြစ်ပြီးတော့ အဲ့ဒီမုန်တိုင်းငယ် အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်းမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် ၊ရှမ်း၊ ချင်း၊ရခိုင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး နေရာကွက်ပြီးမိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ရန်ကုန်၊ မေ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ (အခမဲ့) နယ်လှည့်အထွေထွေ ရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပါတီဘဏ္ဍာရေးမှူး ဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့သည် မှော်ဘီမြို့နယ် ဝါးပတောကျေးရွာတွင် ကျေးရွာနေမိဘပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် မေလ ၂၉ ရက်နံနက်က မုန်တိုင်းအရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်အချို့ကို တွေ့ရစဉ်
ယခုရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြို့နယ် ခုနှစ်ခုထက်မနည်းမှာ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီးတော့ နေရာကွက်ပြီး မိုးကြီးတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို အထူးသတိပြုနေထိုင်ဖို့ကိုလည်း သတိပေးထားပါတယ်။

နေပြည်တော်၊ မေ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်ကျင်းပသည့် လူငယ်ညီလာခံဖွင့်ပွဲ (ပထမနေ့) အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ ပါတီဗဟို အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံကျင်းပရာ သို့ မြန်မာတစ်နိုင်ငံလုံးမှ ပါတီဝင်လူငယ်အင်အား တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။