လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယနေ့ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညို ကြပြီး စေတီတော်ရင်ပြင် သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ယူခဲ့ကြသည်။
လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယနေ့ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညို ကြပြီး စေတီတော်ရင်ပြင် သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ယူခဲ့ကြသည်။
၃၁.၅.၂၀၁၈
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက် လေ့လာကြသည်။

အကျင့်ပျက်ခြစားမှု ကာကွယ်ရေးအဆုံးသတ်ရေးနှင့် ပတ်သက်၍ အသိပညာနှင့် ကျွမ်းကျင်မှုဝေမျှရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) နှင့် တောင်ကိုရီးယား နိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့် အရေးကော်မရှင် (ACRC) တို့ နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
နေပြည်တော်၊ မေ ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပါတီစုံအထွေထွေဒီမိုက်ရေစီရွေးကောက်ပွဲ ၀င်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအကဲဖြတ်မစ်ရှင်(NAM)အဖွဲ့ တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦပိုက်ထွေးတို့မှ လက်ခံတွေ့ဆုံခဲ့သည်။
၃၁.၅.၂၀၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ(၂၀၁၈) ညီလာခံလူငယ် ကိုယ်စားလှယ်များ အမှတ်(၂) တပ်မတော် စစ်ဆေးရုံ ကုတင်(၁၀၀၀)နှင့် ပြည်သူ့ဆေးရုံ ကုတင်(၁၀၀၀)
နေပြည်တော်တွင် သွေးများလှူဒါန်း ခဲ့သည်။
၃၁ မေ ၂၀၁၈၊ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီ ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်လာသော ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ စုပေါင်းပြီး နေပြည်တော် ကုတင်( ၁၀၀၀ ) ဆေးရုံကြီး ဘက်စုံအသုံပြုရန် အလှူ ငွေ ၉၉၀၀၀၀ ကျပ်ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူခဲ့ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ ကြောင်း သိရသည် ။
၃၁.မေ ၂၀၁၈(နေပြည်တော်)
ပြည်ခိုင်ဖြိုး ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်လာသောပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကုတင် ၁၀၀၀ အထွေထွေ ရောဂါကု ဆေးရုံးကြီးသို့ သွားရောက်ကြပြီး ဆေးရုံ ဝင်းအတွင်း ခြုံနွယ် များ နှင့် အမှိုက်သရိုက် များရှင်းလင်းခြင်း လုပ်ငန်းများ အား စုပေါင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည် ။
တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း အမှတ်စဉ် ( ၁ ) သင်တန်းဖွင့်ပွဲကို ၃၀.၅.၂၀၁၈ ရက်နေ့၌ ကျင်းပခဲ့ပါသည်.။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ဗဟိုပါတီကော်မတီဝင် ဦးသန်းဝင်း၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
U ThanToe Aung
ပြည်ခိုင်ဖြိုး ဗဟိုလူငယ်ညီလာခံသို တက်ရောက်လာသော ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ သည် ယနေ့ မနက်ပိုင်း တွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ ကြီး သို့ သွားရောက်ပြီး သွေးလှူဒါန်းမှုများ ပြုလုပ်ကြရာ ပြည်ခိုင်ဖြိုး ဗဟို အလုပ်မှုဆောင် လူငယ်ရေးရာ တာဝန်ခံ Dr အောင်မြတ်ဦး ဗဟိုကော်မတီဝင် Dr နန္ဒာလှမြင့် နှင့် တာဝန်ရှိသူများ မှ လိုက်လံကြည့်ရှု့အားပေးခဲ့ ကြောင်း သိရသည် ။