ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော်၊ ဇွန် ၇

ယနေ့ ၇ – ၆ -၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၃၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးလူရယ်ဖိုးလူနှင့် ဦးကိုရယ်၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေတို့ တက်ရောက်ကြောင်း သိရှိရသည်။

‌မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးဌေးလှိုင်၊ ဦးဝင်းမောင် တို့သည် ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များဖြင့် ၇.၆၂၀၁၈ ရက်နေနံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများတို့ ပြုလုပ်ခဲ့ပါသည်။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီးတို့မှ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) လှူဒါန်း

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီး​ ​ဒေါ်ခင်​မျိုး​ဌေးတို့ သည်​ (၇.၆.၂၀၁၈) ရက်​​နေ့ နံနက် ​(၁၀း၃၀) အချိန်​တွင်​ တာပါယ်​​ကျေးရွာအုပ်​စု၊ သဲ​တောကန်​​ရွာဦးကျောင်းသို့ သွား​ရောက်​ပြီး ​ကျောင်းထိုင်​ဆရာ​တော်​ ဦးကုသလအား ဖူး​မျှော်​ကန်​​တော့ကာ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) နှင့် လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ သက်​ကြီးဘိုးဘွားများအား သွား​ရောက်​ကန်​​တော့

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း(ရှမ်း​ရှေ့အမျိုးသမီး​ရေးရာတာဝန်​ခံ)၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း၊ မြို့နယ်​​ကော်မတီဝင်များ၊ မကာဟိုခမ်းရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ ဝင်​များနှင့် ​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင် ​​တွေ့ဆုံ၍ ပါတီအမျိုးသမီး​ရေးရာအဖွဲ့ လှုပ်​ရှား​ဆောင်​ရွက်​ရွက်​မှုများအား ​နွေး​ဆွေးညှိနိုင်းခဲ့ကြပြီး ​ဒေါ်တင်​​မေထွန်း၊ မြို့နယ်​ဥက္ကဌ၊ မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​အဖွဲ့များ အင်းအား (၂၀) ဦးလိုက်​ပါ၍ ယ​နေ့ (၇.၆.၂၀၁၈) ​နေ့တွင်​ မကာဟိုခမ်းရပ်​ကွက်​​နေ အဖွား​ဒေါ်ပါရှဲန်​အသက်(​ ၉၂) နှစ်​၊ အဖွား​ဒေါ်ခင်​သန်း အသက် (​၉၂) နှစ်​ရှိ အဖွားနှစ်​ဦးတို့အား ​နေအိမ်​ရာသို့သွား​ရောက်​ခဲ့ပြီး တစ်ဦးလျင်​ ကျပ်​တစ်​သိန်းတန်​ဖိုး​ (စောင်​၊ မုန့်​၊ အချိုရည်​ဗူးနှင့်​​ငွေသားများအား ​ပေးအပ်​ကန်​​တော့ခဲ့ကြပြီး မကာဟိုခမ်းရပ်​ကွက်​မှ အမာခံပါတီဝင်​တစ်​ဦးဖြစ်​သူေ​လဖျန်း​ဝေဒနာခံစား​နေရ​သော
ဦးသန်းနိုင်​အား ကြည့်​ရှု့၍ အချိုရည်​၊ မုန့်​များနှင့် ဘတ်​​ငွေတစ်​​ထောင်​ဘတ်​အား ​ပေးအပ်​ပြီး အား​ပေးနှစ်​သိမ့်စကား​ပြောခဲ့​ကြောင်း သိရှိရပါသည်​ ။

မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နွေရာသီအင်္ဂလိပ်စာသုံးလသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် ဇွန် ၆

ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦး ဆောင်မှုဖြင့် ယခုနှစ်နွေရာသီ အင်္ဂလိပ်စာ (Busic Grammar Summer Camp)အခမဲ့ သုံးလ သင်တန်းဆင်းပွဲ အခမ်းအနားကို (၁)ရပ်ကွက်ပါတီရုံးခန်းမ၌ ယမန် နေ့ မွန်လွဲပိုင်းက ကျင်းပခဲ့ရာ မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်း သိန်းထွန်းက သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Baise မြို့အောက်ခြေပါတီဆွေးနွေးပွဲသို့တက်ရောက်

 

နေပြည်တော် ဇွန် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ဦးဆောင်သောချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည်ယမန် နေ့ နံနက် ၉ နာရီ ၅၅မိနစ်တွင်Nanning မြို့မှ မြန်နှုန်းမြင့် ကျည် ဆန်ရထားဖြင့် Baise မြို့သို့ ထွက် ခွာခဲ့ကြသည်။ ၄င်းနောက်Baiseမြို့ Baise Executive Leadership Academy (BELA) ခေါင်း ဆောင်မှုလေ့ကျင့်ရေးအကယ်ဒမီ သို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက် ရှိခဲ့ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ညီလာခံတက်ရောက်ခဲ့သည့် လူငယ်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင် ဇွန်လ (၆) ရက်နံနက် (၁၁) နာရီက ပြည်ခိုင်ဖြိုးဗဟိုလူငယ်ညီလာခံသို့တက်ရောက်ခဲ့သည့် လူငယ်ပါတီဝင်များအား ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှတွေ့ဆုံ၍ လမ်းညွှန်သြဝါဒစကားပြောကြားကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များတိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ လူငယ်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ လူငယ်တာဝန်ခံများမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။ ထို့နောက် တိုင်းပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ယနေ့လူငယ်ညီလာခံတက်ရောက်ခဲ့သည့်လူငယ်များအား တွေ့ဆုံရခြင်းမှာ ပါတီဥက္ကဌကြီး၏လမ်းညွှန်မှာကြားချက်များကို ပြန်လည်ပြောကြားလို၍ဖြစ်ကြောင်း
လူငယ်ပါတီဝင်များသည် မြို့နယ်ခရိုင်နှင့်တိုင်းပါတီကော်မတီရုံးများနှင့် အဆက်အသွယ်မပြတ်စေလိုကြောင်း၊ လူငယ်အင်အားများတိုးတက်အောင်ဆောင်ရွက်စေခြင်ကြောင်း၊ မြို့နယ်ခရိုင်တိုင်းပါတီများကလည်း လူငယ်များကို တာဝန်ပေးအပ်ကြဖို့လိုကြောင်း၊ လူငယ်ပါတီဝင်များကလည်း ပါတီလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဗဟုသုတရရှိမည့်စာအုပ်စာပေများကိုလည်း လေ့လာကြစေခြင်ကြောင်း၊ လူငယ်များပါတီတာဝန်များကိုတိုးမြှင့်ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။ ထို့နောက်ခရိုင်ပါတီဥက္ကဌများမှ လူငယ်ပါတီဝင်များနှင့်ပါတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲေ့ကြာင်းသိရှိရသည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များ၏သားသမီးများထဲမှပညာရည်ထူးချွန်သူများကို လေးလတစ်ကြိမ်ပညာသင်ထောက်ပံ့စားရိတ်များ ပေးအပ်လျှက်ရှိရာ ဇွန်လ (၆) ရက်နေ့ နေ့လည် (၁၂:၃၀) နာရီက ပညာသင်စားရိတ်ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးအစည်းအဝေးခမ်းမတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းပါတီကော်မတီမှ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးကျော်စိုး၊ ခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်နှင့်ပညာသင်စားရိတ်ရရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဗဟိုကော်မတီဝင် ဦးတင်အောင်မှ ပညာသင်စားရိတ်ပေးအပ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများမှ ကျောင်းသား (၁၇) ဦးတို့အား ပညာသင်စားရိတ် လေးလအတွက် ကျပ် (၂၈၄၀၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဇွန်​ ၊ ၆

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း ၀၀ နာရီတွင်​ တိုင်းအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ‌ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ ဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်းနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး ပါတီဥက္ကဌကြီး၏လမ်းညွှန်​ချက်​များ၊ ပြီးခဲ့သည့်​ အပတ်​စဉ်​အစည်းအ​ဝေးမှ ဆုံးဖြတ်​ချက်​များအား အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​မှု‌အ​ခြေအ​နေများ၊ ခရိုင်​/မြို့နယ်​များမှတင်​ပြ‌စာများ၊ ​ရှေ့ဆက်​​ဆောင်​ရွက်​ရန်​ရှိသည်​မျ၊ားကိုညှိနှိုင်း​ဆွေး​နွေးကြပြီး ဆုံးဖြတ်​ချက်​များချမှတ်​ကာ ၁၁ ၅၀ နာရီတွင်​ အစည်းအ​ဝေးပြီး​မြောက်​‌ခဲ့ပါသည်​ ။