မြန်မာ- ထိုင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် ပထမဆုံး ပြုလုပ်မည်

မြန်မာ- ထိုင်းနယ်စပ်ဖြတ်ကျော် ခရီးစဉ်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းနှင့် Tourism Authority of Thailand (TAT) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ် မည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်ကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၈) ရက်နေ့မှ (၂၃) ရက်နေ့အထိ ၆ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ် တစ်လျှောက်လုံး၌ ကျွမ်းကျင်ကားမောင်းသူများက ပါဝင်သွားမည်ဟု သိရသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လက်ရှိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီအားလုံး ဇွန်လ ၁၄ ရက်တွင်နေပြည်တော်၌ တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း ကော်မရှ င်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ သမ္မတဦးဝင်းမြင့်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ ပါတီများ၏ အသံကို နားထောင်ရန် ဇွန်လ ၁ ရက်က တိုက်တွန်းပြီး နောက်နှစ်ပတ် ခန့်အကြာတွင် ကော်မရှင်က ထိုသို့တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီ များနှင့်တွေ့ဆုံရာ၌ ဆွေးနွေးမည့် အကြောင်းအရာကို  ဦးမြင့်နိုင်က ထုတ်ဖော်ပြောကြားခြင်း မပြုပေ။

မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်ခုပ်တန်းရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ယနေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လက်ခုပ်တန်းရပ်ကွက် ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို နံနက် (၉း၀၀) နာရီအချိန်တွင် စတင်ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင်များ ၊အရံကော်မတီဝင်များ ၊ ရပ်/ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း (၃၀) ဦးတက်ရောက်ကြကြောင်း တင်ပြအပ်ပါသည်။ ဆက်လက်၍ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်စိန် (ပညာရေးရာတာဝန်ခံ)၊ ဦးမောင်မောင်ကြီး (စည်းရုံးရေးရာတာဝန်ခံ)၊ ရပ်ကွက်ပါတီဥက္ကဌ ဦးဝင်ဖေတို့မှ အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသော ပါတီဝင်များမှ လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နံနက် (၁၀း၃၀) အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း တင်ပြအပ်ပါသည်။

ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

မိုးနဲ ဇွန် ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော် ဆွမ့်ကျေးရွာအုပ်စု ကတ်နောက် ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ အုပ်စုဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်း နားကို ယနေ့ နံနက် ၉ နာရီက ဦးဝင်းကိုနေအိမ်၌ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့အလှူတော်ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ ယနေ့ နံနက် ၁ဝ နာရီခွဲက ဥက္ကံမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ရှစ်နှစ်မြောက် ပြည်ခိုင်ဖြိုးပါတီနှစ် ပတ်လည် အလှူတော်အခမ်းအနား အဖြစ်ဘိုးဘွားများအားနေ့လယ်စာ ကျွေးမွေးလှူဒါန်းပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ရိပ်သာရှိဘိုးဘွား များနှင့် ပြည်ခိုင်ဖြိုးပါတီမိသားစု များက သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကာ သံဃာ တော်အရှင်သူမြတ်များထံမှ ငါးပါး သီလကို ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားများ နာကြားခဲ့ သည်။

ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ချင်းဟိုင်ရေကန်သို့ သွားရောက်လေ့လာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် များသည် ယမန်နေ့တွင်တည်းခိုရာ ချင်းဟိုင်ဟိုတယ်(Qinghai Hotel)မှ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ချင်းဟိုင် ရေကန်(Qinghai Lake)သို့ သွားရောက်ရာ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိလေ့လာခဲ့ကြသည်။ ချင်းဟိုင်သည် ကုန်းတွင်းရေငန်ကန်တစ်ခု ဖြစ်ပြီး ရေအနက် ၂၂ မီတာ ရေအပူချိန် ၇ ဒီဂရီဖာရင်ဟိုက်နှင့် စတုရန်းကီလိုမီတာ ၄၆ဝဝ ကျယ်ဝန်းသည်။

ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

 

၁၀.၆.၂၀၁၈ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် မြို့သာအုပ်စုတွင် ညနေ့ (2) နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မြင်ခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူနှင့် မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်နှင့် ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များနှင်အတူ မြို့သာကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနှင့်ပါတီဝင် များသည် မြို့သာအရှေ့ရွာ ဦးစိန်ထွန်းနေအိမ်ရှေ့တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။


မကွေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လင်းဒလူးကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

နတ်မောက် ဇွန် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသ ကြီး မကွေးခရိုင်ဥက္ကဋ္ဌဦးထွန်းရှိန်၊ ခရိုင်ကော်မတီဝင်များ၊ ဦးသိန်းအေး နတ်မောက်တာဝန်ခံ၊ ဦးတင်မြင့်လှိုင် စီးပွားရေးတာဝန်ခံ နတ်မောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ မြို့နယ်ပါတီကော် မတီဝင်များ၊ ဦးထွန်းမှီ၊ ဦးသန်းပြုံးနှင့်ဦးမြင့်ဌေးတို့သည်၊ လင်း ဒလူးကျေးရွာပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် လင်းဒလူးဘုန်းတော် ကြီးကျောင်း၌ တွေ့ဆုံခဲ့သည်။