တမူးပြည်ခိုင်ဖြိုးပါတီ ရေကြီးနစ်မြုပ်၍ ရေအခက်အခဲဖြစ်နေသောရပ်ကွက်များကို သောက်သုံးရေလှူဒါန်း

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ်တွင် လွန်ခဲ့သောနှစ်ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ဈေးတန်း ၉/၁ဝ ရပ်ကွက်အတွင်း သောက်သုံးရေအခက်အခဲဖြစ်နေမှုအား တမူး မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်၍ သောက်သုံးရေများလှူဒါန်းခဲ့သည်။

စောအောင်ပွင့်(တမူး)


ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးမြို့ရှိအထင်ကရနေရာများသို့ လေ့လာရေးခရီးလည်ပတ်

 

မန္တလေး ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့အား မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မန္တလေးမြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးအဖြစ် ယနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အလည်အပတ်ပို့ဆောင်ပေးခဲ့သည်။

ထီးတော်တင်အလှူမင်္ဂလာပွဲသို့ တက်ရောက်ခြင်း

 

(၁၃-၆-၂၀၁၈) ရက်နေ့တွင်၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ (အိုဆဲဗင်းတောင်)ကုသိန္နာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော ရန်အောင်မြေအဘယလာဘမုနိစေတီတော်မြတ်ကြီးအား ထီးတော်တင်ပူဇော်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုပါတီက်ာမတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်သည့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု မှ ပါတီအမျိုးသမီးအဖွဲ့အင်အား (၄၀) ဦး တက်ရောက်ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Htat Pine Soe

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုလူငယ်ညီလာခံ (၂၀၁၈) အတွေ့အကြုံရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

၁၃.၆.၂၀၁၈ တွင် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုလူငယ်ညီလာခံ (၂၀၁၈) အတွေ့အကြုံရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ရာ ပထမဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးစိုးမြင့်နှင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးတို့က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လူငယ်လှုပ်ရှားမှုအဖွဲ့တာဝန်ခံ ကိုကိုအောင်မှ လူငယ်ညီလာခံအတွေ့အကြုံများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကာ တက်ရောက်လာကြသော ကော်မတီဝင်များနှင့် လူငယ်များက ဖြည့်စွက်ဆွေးနွေးပြီး (၁၂း၀၀) နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ သဘာဝဘေးအန္တရာယ်ခံစားနေရသော ကျေးရွာများသို့ သွားရောက်လှူဒါန်းရန်ပြင်ဆင်နေစဉ်

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြိုနယ်အတွင်းရှိ မင်းတုန်းချောင်း၊ လွှာချောင်း၊ ပသီချောင်းဘေးကျေးရွာများဖြစ်သည့် တံတားအရှေ့ဇီတော ၊မင်းရွာ၊ ကိုင်းဘူးတောင်းအရှေ့ထောက်ရစ် ၊ စကတဲ၊ တောင်မြင့်၊ ထန်းလေးပင်၊ ညောင်မော် ၊ မှိုက်ကျေးရွာ၊ အလယ်ချောင်းကျေးရွာများသည် ချောင်းရေလျှံခြင်းသဘာဝဘေးအန္တရာယ်ကို ခံစားနေကြရပါသည်။
ယန့ 13-6-2018 ဗုဒ္ဓဟူး နေ့တွင် မင်းတုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဌ ဦးစိုးနိုင်၊ အတွင်းရေးမှူး ဦးသိန်းဇော်နှင့်မြို့နယ်ပါတီကော်မတီဝင်များ ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့များ ၊ အမျိုးသမီးရေးရာအဖွဲ့များသည်ေ ထာက်ရစ်ကျေးရွာ တောင်မြင့်ကျေးရွာများသို့ရေသန့်ဗူး၊ ထမင်းထုပ်၊ ငါးခြောက်၊ ခရမ်းချဉ်သီးချက်၊ ငရုတ်သီးကြော်တို့ဖြင့် သွားရောက်လှူဒါန်းရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိပါသည်။

ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ လေ့လာရေးခရီးစဉ်သွားရောက်မည့် ပြည်ထောင်စုနယ်မြေလူငယ်အဖွဲ့အား လမ်းညွှန်မှာကြား

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌လူငယ်လှုပ်ရှားမှုအဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးနှင့်လေ့လာ ရေးခရီးစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး သို့ သွားရောက်မည့် ပြည်ထောင်စု နယ်မြေ လူငယ် ၁၈ဝတို့နှင့်တွေ့ဆုံ ၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးတွင်တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့တွေ့ဆုံပွဲအား မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ယနေ့ နံနက် ၁ဝနာရီမှ မွန်းလွဲ ၃နာရီခွဲအထိ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၏ အနယ်နယ်အရပ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်အချင်းချင်း ချစ်ခင်စည်းလုံးမှုရရှိစေရန်၊ မိမိတို့ နေထိုင်ရာဒေသများမှ အတွေ့အကြုံများအား အမြင်ချင်းနှီးနှောဖလှယ် နိုင်စေရန်၊ အနာဂတ်ကာလ ပြည်ခိုင်ဖြိုးပါတီ၏ လူသွေးသစ်များအား ပါတီ၏ဦးဆောင်ကဏ္ဍတွင် ပါဝင်လာနိုင်စေရန် အစရှိသော ရည်ရွယ် ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစတင်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံခရီးစဉ်ကို ဇွန်လ ၁၂ ရက် အင်္ဂါနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ ဧပြီလက ရာထူးလက်ခံပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးသွားရောက်မယ့် သူ့ခရီးစဉ်အတွင်း ဆောင်ရွက်သင့် တာကို ဆောင်ရွက်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်း က ပြောပြမှာပါ။