ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ ဆပ်ပြာရည်ပြုလုပ် နည်းသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈)ကို ယနေ့မွန်းလွဲ ၁ နာရီက မြတောင်ကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီနာယက ဦးလှဖေ၏နေအိမ်၌ ဖွင့်လှစ်သည်။
သင်တန်းတွင် မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝင်းကိုက အမှာစကားပြောကြား ပြီး သင်တန်းနည်းပြမိုးညှင်းမြို့နယ်ပါတီကော်မတီဝင်ဦးခိုင်ဇော်ထွန်းက ဆပ်ပြာရည်ပြုလုပ်ရန် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားသည်။



