နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး
ရန်ကုန် ဇွန် ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသည့် နိုင်ငံရေးပါတီများက မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အခြေအနေများနှင့်ပတ်သက်သော ကိစ္စရပ်များကို ပါတီများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၂ဝ ကျော် တက်ရောက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံဆွေးနွေး တိုင်းဒေသကြီးပါတီကော်မတီဝင် တက်ရောက်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ယနေ့နံနက် ၉ နာရီခွဲ၌ တိုင်းဒေသ ကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦး၊ ခရိုင် ပါတီဥက္ကဋ္ဌဦးဝင်းကြည်တို့သည် မိုးကုတ်မြို့နယ်ပါတီ ကော် မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးကြသည်။
ပထမဦးစွာဦးတင့်လွင်ဦးက ယနေ့တိုင်းပြည်အခြေအနေ နှင့် ပါတီအတွက်လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များရှင်း လင်းပြောကြားခြင်း၊ ဦးဝင်းကြည်က ပါတီ၏ခံယူချက်နှင့် သဘောတရားများရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အလုပ် အမှုဆောင် ဦးမြသောင်းက ပါတီ၏လိုအပ်ချက်များ ဆွေးနွေး တင်ပြပြီး နံနက် ၁၁ နာရီတွင် ဆွေးနွေပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး
ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ယမန် နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသ ကြီး၊ခရိုင်၊မြို့နယ်၊ရပ်ကွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
တမူးပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ
တမူး ဇွန် ၂၄
တမူးခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီ လာခံအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁ဝ နာရီက တမူး ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ တွင် ကျင်းပသည်။
ပြည်ခိုင်ဖြိုးပါတီ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက် ခရိုင်ကော်မတီဝင်နယ်မြေတာဝန်ခံနှင့်အဖွဲ့ ရပ်ကွက်ပါတီဥက္ကဌ ရပ်ကွက်ကော်မတီဝင်များအား ကွင်းဆင်းထိတွေ့
ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ် ( ဆ) ရပ်ကွက်တွင် မန်းလေးခရိုင် ကော်မတီဝင်နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ညိမ်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ ကိုစံရ(ဘဏ္ဍာရေးမှူး)l မြို့နယ်ကော်မတီဝင် ဦးမြင့်ဇော်၊ အရန်ကော်မတီဝင် ဦးစောနိုင်တို့နှင့် ရပ်ကွက်ပါတီဥက္ကဌ၊ ရပ်ကွက်ကော်မတီဝင်များအား ကွင်းဆင်းထိတွေ့ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းခန်းမတွင် နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီခွဲအချိန် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ တက်ရောက် အဖွင့် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းသားများအား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အမက ၁ သို့ သွားရောက်ပြီး ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ဘဏ္ဍာရေးမှူး ဦးဇော်မင်းနောင်တို့နှင့်အတူ ဇွန်၂၁ ရက်နေ့က အမက ၁ သို့ သွားရောက်ပြီး ကျောင်းသား/သူ ၃၈ ဦးအား တစ်ဦးလျှင် ၅ အုပ်နှုန်းဖြင့် ကျောင်းသုံးဗလာစာအုပ် ၁၉၀ အုပ်အား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြပါသည်။
ကျိုက်သံလ္လံစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ လှူဒါန်း
ဇွန်လ ၁၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့ကျက်သရေဆောင် ရှေ့ဟောင်းသမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပြိုကမှုကြောင့် သာဓနိကအဆောင်အဦးများ ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်မွန်းမံ့ရန် ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသည့် ငွေကျပ်သိန်း ( ၁၀၀ )အား မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် အဖွဲ့ဝင်များမှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် သွားရောက် လှူဒါန်းပါသည်။
ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်သွားရာက်လျူဒန်း
သိဒ္ဓိအောင်ပန်းဘုန်းကြီးဆရာတော် ဥူးသောမဦးစီး၍ မကွေးတိုင်းရေဘေးကယ်ဆယ်ရေးအတွက် ၇ ရက်သားသမီးများမှ စုပေါင်းလျူဒန်းသော ဆန်နှင့်စားစရာ အဝတ်အထည်ဆေးဝါးများ စုပေါင်းလှူဒန်းပွဲကို ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ကော်မတီဝင်များမှ ဆန် ၁၀ အိတ်နှင့် ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀ အား ကံမမြို့နယ် ရွှေတောရွာ၊ သရက်တောရွာ၊ ဥသျှစ်ချိုရွာ၊ အင်ဖက်တောကျေးရွာ ရေဘေးသင့်ပြည်သူများအား ၂၃. ၆ .၁၈ ရက်နေ့ သွားရောက်လျူဒန်းနိုင်ရန် ဆိပ်ကမ်းမြို့နယ် ပန်းဘုန်းကြီးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်လာရောက်လျူဒန်းခဲ့ပါသည်။



