ဇေယျာသီရိမြို့နယ် ရွှေပေးရွာ ၊စက်ကုန်းရွာ၊ အင်းသာရွာတို့တွင် ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင် တက်ရောက်အားပေးကာ ကျွန်ပျိုးပင်အား စိုက်ပျိုးပေးခဲ့ပြီး ပါတီဝင် လူငယ်များအား ရင်းနှီးခင်မင်စွာ လိုက်လံနှတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။



