မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အမက ၁ သို့ သွားရောက်ပြီး ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ဘဏ္ဍာရေးမှူး ဦးဇော်မင်းနောင်တို့နှင့်အတူ ဇွန်၂၁ ရက်နေ့က အမက ၁ သို့ သွားရောက်ပြီး ကျောင်းသား/သူ ၃၈ ဦးအား တစ်ဦးလျှင် ၅ အုပ်နှုန်းဖြင့် ကျောင်းသုံးဗလာစာအုပ် ၁၉၀ အုပ်အား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြပါသည်။

ကျိုက်သံလ္လံစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ လှူဒါန်း

 

ဇွန်​လ ၁၇ ရက်​​နေ့တွင်​ မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့ကျက်​သ​ရေ​ဆောင်​ ​ရှေ့​ဟောင်းသမိုင်းဝင်​ ကျိုက်​သလ္လံ​စေတီ​တော်​မြတ်​ကြီး၏ ရင်​ပြင်​​တော်​ပြိုကမှု​ကြောင့်​ သာဓနိကအ​ဆောင်​အဦးများ ပျက်​စီးဆုံးရှုံးမှုများအား ပြန်​လည်​ပြုပြင်​မွန်းမံ့ရန်​ ပြည်​​ထောင်​စုကြံ့ခိုင်ေ​ရနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဌာနချုပ်​မှ ​ပေးပို့လှူဒါန်းသည့်​ ​ငွေကျပ်သိန်း ( ၁၀၀ )အား မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် အဖွဲ့ဝင်များမှ ယ​နေ့ မွန်းတည့်​ ၁၂ နာရီတွင်​ သွားရောက် လှူဒါန်းပါသည်။

ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်သွားရာက်လျူဒန်း

 

သိဒ္ဓိအောင်ပန်းဘုန်းကြီးဆရာတော် ဥူးသောမဦးစီး၍ မကွေးတိုင်းရေဘေးကယ်ဆယ်ရေးအတွက် ၇ ရက်သားသမီးများမှ စုပေါင်းလျူဒန်းသော ဆန်နှင့်စားစရာ အဝတ်အထည်ဆေးဝါးများ စုပေါင်းလှူဒန်းပွဲကို ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ကော်မတီဝင်များမှ ဆန် ၁၀ အိတ်နှင့် ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀ အား ကံမမြို့နယ် ရွှေတောရွာ၊ သရက်တောရွာ၊ ဥသျှစ်ချိုရွာ၊ အင်ဖက်တောကျေးရွာ ရေဘေးသင့်ပြည်သူများအား ၂၃. ၆ .၁၈ ရက်နေ့ သွားရောက်လျူဒန်းနိုင်ရန် ဆိပ်ကမ်းမြို့နယ် ပန်းဘုန်းကြီးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်လာရောက်လျူဒန်းခဲ့ပါသည်။

မိခင်ဝိုင်း ထောက်ပံ့ငွေပေးရာသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါဝင်ကူညီ

 

မအူပင် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ မိခင်ဝိုင်းများသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ် ခြင်းကို ယမန်နေ့က လေးအိမ်စုကျေးရွာနှင့် မလက်တိုကျေးရွာများ ၌ ပြုလုပ်ရာ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်ဦးကျင်ဝင်းနှင့် ဦးသိန်းအောင်တို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်နယ်တာဝန်ခံ ဦးသောင်းအေး၊ ရဲနွဲ့ကျေးရွာပါတီ ဝင်များနှင့်အတူ ရဲနွဲ့ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှမင်းဇော်- ဒေါ်ခင်အေးခိုင်တို့၏သား မောင်ရှိုင်းထက်အောင်(၂ဝ၁၈တက္ကသိုလ် ဝင်တန်းအောင်)အား ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၅ဝဝဝဝကို နေအိမ်သို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)

ဥတ္တရသီရိမြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးတက်ရောက်

 

နေပြည်တော် ဇွန် ၂၁

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

 

ရန်ကုန် ဇွန် ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့ Yunan Normal University တွင် ယနေ့မှ ယခုလ ၂၈ ရက်အထိ ကျင်းပမည့် ‘Community Summit’ ဆွေးနွေးပွဲတက်ရောက်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနခွဲမှူး ဦးတင်ထူးခေါင်းဆောင် သည့် အဖွဲ့ဝင် ၁ဝဦးပါ ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် တရုတ်လေ ကြောင်း ခရီးစဉ် CA415 နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှကူမင်းမြို့သို့ ထွက်ခွာသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံ

 

ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီက တိုင်းပါတီကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင် တိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။

ပြည်နယ်ပါတီအတွင်းအရေးမှူး ရေဘေးသင့်ကျောင်းများရှိ ကျောင်းသူကျောင်းသားများအား ကျောင်းသုံးပစ္စည်းများသွားေ၇ာက်လှူဒါန်း

 

ကချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာသင်တန်း ကျင်းပ

 

၂၁ ဇွန် ၂၀၁၈

အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာသင်တန်းအား ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပခဲ့ပြီး အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် စတင်ကျင်းပရာ ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ရှီဇော်လွမ်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။
ယနေ့ သင်တန်းသို့ သင်တန်းသူ ၃၄ ဦး၊ မြစ်ကြီးနား ခရိုင်/မြို့နယ် ကော်မတီဝင်များ ၊ ဝိုင်းမော်မြို့နယ်မှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဆရာမ ၅ ဦးးဖြင့် လက်တွေ့သင်ကြားပေးနေပြီး သင်တန်းကာလ မှာ ၃ ရက် ကြာမြင့်မည်ဟု သိရသည်။