ကုလအတွင်းရေးမှူးချုပ် ဒုက္ခသည်တွေနဲ့တွေ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်စ်ဟာ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေကို ကော့စ်ဘဇားခရိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ စဉ်းစားလို့တောင် မရနိုင်လောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကြားခဲ့ရပြီး ဒီမွတ်စလင် ဒုက္ခသည်တွေရဲ့ အခြေအနေဟာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အိပ်မက်ဆိုးကြီးတခု ဖြစ်တယ်လို့လည်း သူ့ရဲ့ Twitter လူမှုရေးစာမျက်နှာမှာ ရေးသားထား ပါတယ်။

မြန်မာအပေါ်ပိတ်ဆို့အရေးယူရေး အမေရိကန်လွှတ်တော်မှာ တားဆီးထား

မြန်မာနိုင်ငံက တပ်မတော်အရာရှိကြီး တချို့ကို ပစ်မှတ်ထား အရေးယူရေးနဲ့၊ ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့ ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ အတည်မပြုနိုင်အောင် အဓိက ပိတ်ပင်ထားသူဟာ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် မစ်ခ်ျ-မက်ကော်နယ် ဖြစ်တယ်လို့ ဒီနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားလိုက်ပါတယ်။

မလှိုင်မြို့၌ ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနားကျင်းပ

 

မလှိုင် ဇူလိုင် ၃

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အလံသစ်တင်အခမ်းအနား ကို ကျင်းပခဲ့ကြသည်။

ပါတီအလံသစ်တင် အခမ်း အနားကို မလှိုင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ဥပစာ၌ ယနေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်အလံ အား အလေးပြုခြင်း နိုင်ငံတော် သီချင်းသံပြိုင်သီဆိုခြင်းများပြုလုပ် ခဲ့သည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ တွေ့ဆုံ

 

သုံးခွမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန် ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင် မြတ်စု၊ တိုက်နယ်တာဝန်ခံ ဦး ကြည်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ဝနာရီက ပဒတ္ထိုင်း ကျေးရွာနေ မြို့နယ်ပါတီကော်မတီ အရန်တပ်ဖွဲ့ဝင် ကိုစည်သူအောင် (၂ဝ၁၈တက္ကသိုလ်ဝင်တန်းအောင်) ၏နေအိမ်သို့သွားရောက်ကာပညာ သင်ထောက်ပံ့ကြေးငွေကျပ်၅ဝဝဝဝ ပေးအပ်ခဲ့ပြီး အားပေးစကားပြော ကြားခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကရသူရိမြို့တွင် ပါတီဆိုင်းဘုတ်တင်

 

ဘုတ်ပြင်း ဇူလိုင် ၃

ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အမှတ်(၃)ရပ်ကွက်တွင် ယနေ့နံနက် ၉နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပြီး ပါတီဝင်တွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အတွင်းရေးမှူး ဦးသူရဝင်းတင်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ ကာ ပါတီဆိုင်းဘုတ်တင်ကြပြီးနောက် ပါတီဝင်များတွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါတီဝင်တွေ့ဆုံပွဲသို့ စုစုပေါင်းအင်အား ၄ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအောင်ပွဲရရှေ့တန်းပြန် တပ်မတော်သား များအား သွားရောက်ကြိုဆို

 

ပဲခူး ဇူလိုင် ၃

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင် သော မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များသည် ယမန် နေ့ မွန်းလွဲ ၂ နာရီက ဘုရားကြီးမြို့ ဘောနတ်ကြီးကျေးရွာ အမှတ်(၅၉)ခြေလျင်တပ်ရင်းမှ ရှေ့တန်းစစ်မြေပြင်တွင် အောင်ပွဲရပြီး ပြန်လာသော တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် ကမ်းလှမ်းကြိုဆိုခြင်း၊ ရေသန့်ဘူးများကမ်းပေးခြင်းတို့ဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ တပ်မတော်မိသားစုဝင်များနှင့်အတူ နွေးထွေးလှိုက်လှဲစွာ သွားရောက် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

Union Solidarity and Development Party Published by Daw Gyi Thuzar · 3 hrs · တိုင်းဒေသကြီးပါတီနှင့်အဖွဲ့ မြို့နယ်ပါတီလုပ်ငန်းရပ်များ ကွင်းဆင်းစစ်ဆေး

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပါတီရုံးသို့ ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီများဖြင့် လာရောက်တွေ့ဆုံဆွေးပွဲကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌဦးအောင်ချိုဦး၊ အတွင်းရေးမှူး ဦးကျော်ကျော် လင်း၊ ကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ဒေါ်ထားထားနု၊ ဦးကျော်မြင့်၊ ခရိုင်ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်အတွင်းရေးမှူး ဦးဇော်ဝေလင်း၊ ကော်မတီဝင် ဦးကျော်မင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။