ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် ပါတီအလံသစ်တင်အခမ်းအနားကျင်း

 

5 July

ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအလံသစ်တင်အခမ်းအနားကို ၅.၇.၂၀၁၈ ရက်နေ့တွင် ကျင်းပပါသည်။ ယင်းအခမ်းအနားသို့ညောင်ဦးခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုအလေးပြု၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

Kyaw Minn Soe’ Photo

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ချောင်းဝကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

4.7.2018 ကန်ကြီး​ထာင့်မြို့နယ် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌနှင့် အရန်ကော်မတီဝင် ဦးမော်စီအေးတို့သည် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀း၃၀ အချိန်ထိ ပေါက်ကျွန်းတိုက်နယ် ချောင်းဝရွာတွင် ပါတီဝင် ၅၆ ဦးနှင့် တွေဆုံကာ နိုင်ငံတော်လုံခြုံရေးအခြေအနေကို ရှင်းပြပြီး ပါတီသတင်း၊ ပါတီစာဂျာနယ် လစဉ်ဝယ်ဖတ်သူနှစ်ဦးကို ကျေးဇူးတင်ကြောင်းပြောပြီး အမှတ်​တရ ရင်​ထိုးတံဆိပ်​များနှင့်အင်္ကျီများ လက်​​ဆောင်​​ပေး​ဝေခဲ့ပါသည်​။

ရွှေဘိုခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘိုခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ် ခရိုင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက ရွှေဘို ခရိုင်ပါတီရုံးတွင်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေးက တိုင်း ဒေသကြီးပါတီ၏ လမ်းညွှန်မှုများ အား ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက မိမိတို့မြို့နယ် များ၏ လုပ်ငန်းဆောင်ရွက်ချက် များကို အသီးသီးဆွေးနွေးကြ သည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြီး မွန်းတည့် ၁၂ နာရီ တွင် အစည်းအဝေးပြီးမြောက် ခဲ့ကြောင်း သိရသည်။

ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုဆုများချီးမြင့်

 

ရှမ်းပြည်နယ် ( အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၄ •၇•၂၀၁၈)ရက်၊ဗုဒ္ဓဟူးနေ့ ၊နံနက်(၁၀:၀၀)နာရီ အချိန်တွင် (အ•ထ•က)ကျောင်း၂(၀၁၇-၂၀၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား / သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးတို့မှ တတ်ရောက်ခဲ့ကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဇူလိုင် ၂၃ တံခါးပိတ် ဆွေးနွေးမည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဇူလိုင်လအလှည့်ကျဥက္ကဋ္ဌ ဆွီဒင်သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ဆွေးနွေးပွဲအစီအစဉ်မှာ မြန်မာအရေးထည့်သွင်းစဉ်းစားဖို့ အရေးကြီးတဲ့ အကြောင်း ပြောခဲ့ပြီး ဇူလိုင်၂၃ ရက်နေ့မှာ တံခါးပိတ်ဆွေးနွေးပွဲတရပ်ကျင်းပဖို့ စီစဉ်ထားကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။ ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာဒုက္ခသည် အရေးအဖြေရှာနိုင်ဖို့ မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးဖို့ လိုမယ်လို့ ပြောခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းကတင်ပြပေးမှာပါ။

အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းများတွင် ယုံကြည်မှုပျက်ပြားစေသည့် လုပ်ဆောင်ချက်များ ရှောင်ရှားရန် JMC တိုက်တွန်း

အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ယုံကြည်မှုပျက်ပြားစေသည့် လုပ်ဆောင် ချက်များရှောင်ရှားရန် ပြည်ထောင်စု အဆင့် JMC ဥက္ကဋ္ဌများက တိုက်တွန်းသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏(၁၇)ကြိမ် မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဇူလိုင် ၃ ရက်တွင် စတင်ပြုလုပ်သည်။

တပ်မတော်အနေဖြင့် လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရလိုသည့်ဆန္ဒရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြော

တပ်မတော်အနေဖြင့် လက်ရှိအစိုးရကာလ၌ပင် ခိုင်မာသည့် ငြိမ်းချမ်းရေးရလိုသည့် ဆန္ဒရှိကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ JMC-U ၏(၁၇)ကြိမ် မြောက်အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ ၎င်းက အဖွင့်နှုတ်ခွန်းဆက်မိန့်ခွန်း တွင် ယခုကဲ့သို့ ပြောကြားသည်။

၂၁ ရာစု ပင်လုံသို့ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ တက်ရောက်ရန် တရုတ်မှတစ်ဆင့် ဖိတ်ကြား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ တက်ရောက်ရန် တရုတ်သံရုံးက တစ်ဆင့် ဖိတ်ကြားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြားသည်။‘‘မနေ့က ဖိတ်ထားပြီးပြီ။ အဲဒါ တရုတ်သံရုံးက ပေးလိမ့်မယ်။ ခုနစ်ဖွဲ့စလုံးကို တစ်ဖွဲ့စီ ဖိတ်တယ်’’ဟု ဦးဇော်ဌေးက ဇူလိုင် ၃ ရက်တွင် ပြောသည်။

လေပေါ်မှာပျံသန်းနေစဉ် ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ ဒရုန်း

တိုကျိုတက္ကသိုလ်ရဲ့ JSK Lab ကသုတေသီတွေဟာ ပျံသန်းနေစဉ် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ ဒရုန်းအသေးစား လေးတွေ ပြုလုပ်ထားတဲ့ “dragon drone” ကိုဖန်တီးခဲ့တယ်လို့ IEEE ကဖော်ပြခဲ့ပါတယ်။ အဲဒီ ဒရုန်းဟာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ရုံတင်မကဘဲ စတုရန်း ဒါမှမဟုတ် မျဉ်းကွေးလိုမျိုး ပုံစံနဲ့ လေပေါ်ပျံနိုင်ပါတယ်။ ဒါ့အပြင် ပျံသန်းတဲ့ နေရာလွတ်ပေါ်မူတည်ပြီး သင့်တော်တဲ့ပုံစံမျိုးကိုလည်း အလိုအလျောက်ပြောင်းပေးနိုင်ပါတယ်။