ရွာငံ ဇူလိုင် ၉
ရွာငံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပါတီလူငယ် ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရွာငံ ဇူလိုင် ၉
ရွာငံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပါတီလူငယ် ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရန်ကုန် ဇူလိုင် ၉
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနေ့အထိမ်းအမှတ် ကျောင်း သားကျောင်းသူများ၊ ဆရာဆရာမ များ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း နှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၆ ကျောင်းတွင် တစ်ပြိုင်နက် တည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော် မတီ(UPDJC)အစည်းအဝေးတွင် ၁၀ နာရီကြာညှိနှိုင်းပြီး နောက် ၂၁ရာစုပင်လုံ၌ နိုင်ငံရေးကဏ္ဍအပါအ၀င် ဆွေးနွေးမည့်အချက် ၁၂ ချက်ရရှိ ကြောင်း အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ဇူလိုင် ၉ ရက်ညတွင် ပြောသည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစု အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ်များ အချိုးကျပါဝင်ဖွဲ့စည်းထားသည့် UPDJC အစည်းအဝေးကို ဇူလိုင် ၉ ရက်နံနက်မှ ည ၈ နာရီ ခန့်အထိ နေပြည်တော်၌ဆွေးနွေးခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင် ၉ ရက်အထိ နိုင်ငံရေးပါတီ ၁၆ ခုမှ ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၅ ဦးအမည် စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးနိုင်ဖို့ ဆိုတာဟာ မြန်မာဘက်မှာ အင်အားကြီးနိုင်ငံတွေ ရှိနေတဲ့အတွက် အလားအလာ အတော်နည်း တယ်လို့ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ခဲ့တဲ့ မစ္စယန်ဟီးလီက သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ စလုံး တက်ရောက်မည်ဖြစ်ပြီး ပြည်တွင်းနှင့် တရုတ်နိုင်ငံလမ်း ကြောင်းနှစ်ခုမှ လာရောက်မည်ဟု မိုင်းလား အဖွဲ့(NDAA)အထွေ ထွေအတွင်းရေးမှူး ဦးကြည်မြင့် က ပြောသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ ၂၀၁၈ ကြားဖြတ်အောင်နိုင်ရေး ညှို နှိုင်းဆွေးနွေးပွဲသို့ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး။ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ဆောင်ရွက်ကြပါသည်
အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပုံမှန်အစည်းအဝေးအား (၉.၇.၂၀၁၈)ရက်နေ့ နံနက်(၉)နာရီတွင် မြို့နယ်ပါတီရုံး၌ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီအတွင်းရေးမှူးဒေါ်စောမြိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ပါတီဝင်အင်အားတိုးတက်ရေးကိစ္စ၊ နယ်မြေကွင်းဆင်းရေးကိစ္စ၊ ပြည်သူ့ကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေးကိစ္စနှင့် လက်ရှိနိုင်ငံရေးအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။
မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တောင်သူလယ်သမားရေးရာ တာဝန်ခံများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ တာဝန်ခံများအနေဖြင့် တောင်သူလယ်သမားများ၏ အခက်အခဲများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တက်သော ရေကြီးမှုပြဿနာများအား ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ကြရန်နှင့် ဗဟိုပါတီရဲ့ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်တောင်သူလယ်သမားရေးရာတာဝန်ခံမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး၊ ခရိုင်(၂) ခရိုင်မှ တောင်သူလယ်သမားရေးရာတာဝန်ခံမှ လိုအပ်သည်များအား တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး (၁၀) မြို့နယ်မှ ရေးရာတာဝန်ခံများမှ ဆက်လက်တင်ပြဆွေးနွေးရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်ရှင်းဆွေးနွေးခဲ့ပြီး မွန်းလွဲ ၁၂း၁၅ နာရီချိန်တွင် ညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့သည်။