မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှုအတွက် စတာလင်ပေါင် ၉၇ သန်းကို ဗြိတိန်နိုင် ငံက ထောက်ပံ့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ယင်းထောက်ပံ့မှုသည် ၂၀၁၉-၂၀၂၃ အထိဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပိုမိုရရှိစေရန် ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယူကေ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန (DFID)မှကျန်းမာရေး ဆိုင်ရာအတိုင်ပင်ခံ ဒေါက်တာမြသက်စုမော်က ပြောသည်။
ဗိုလ်ချုပ်ရုပ်တုထားရှိရေး ကန့်ကွက်သူများနှင့် ညှိနှိုင်းဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်ကို ညွှန်ကြားထားဟုဆို
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမည့်အပေါ်ကန့်ကွက် ဆန္ဒထုတ်ဖော်သူများ နှင့် ပြေလည်စွာ ညှိနှိုင်းဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်ကို ညွှန် ကြားထား ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ ယမန်နေ့က နေပြည်တော် MICC II ၌ ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လုပ်ငန်းကော်မတီ အစည်းအဝေးခေတ္တရပ်နားချိန်တွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားသည်။
ကနီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ
ကနီ ဇူလိုင် ၅
ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦးနှင့် ကော်မတီဝင်များသည် ကနီမြို့နယ် မိုးကောင်းအုပ်စု မိုးကောင်း ကျေးရွာပါတီဥက္ကဋ္ဌ နေအိမ်၌ ယနေ့မွန်းတည့် ၁၂ နာရီက ရပ်/ကျေးကော်မတီဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
သွားရောက်တွေ့ဆုံရာတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး
လွိုင်ကော်၊ ဇူလိုင် ၇
ယနေ့ ၇-၇-၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၁၅)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးဌေးရယ်၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်မော်မော်ခိုင်၊ ဒ်ါဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်းသိရှိရသည်။
မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မကွေး၊ ဇူလိုင် ၊ ၅
ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးမြို့နယ် ပါတီကော်မတီ ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၀၉း၃၀ နာရီမှ စတင်၍ မကွေးတိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြူလုပ်ခဲ့ရာ တိုင်းဘဏ္ဍာာရေးမှူး ဦးကြည်ထွန်း၊ မကွေးခရိုင်ကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်
ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည် ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် ပါတီအလံသစ်တင်အခမ်းအနားကျင်း
5 July
ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအလံသစ်တင်အခမ်းအနားကို ၅.၇.၂၀၁၈ ရက်နေ့တွင် ကျင်းပပါသည်။ ယင်းအခမ်းအနားသို့ညောင်ဦးခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုအလေးပြု၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
Kyaw Minn Soe’ Photo
ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ချောင်းဝကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ
4.7.2018 ကန်ကြီးထာင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် အရန်ကော်မတီဝင် ဦးမော်စီအေးတို့သည် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀း၃၀ အချိန်ထိ ပေါက်ကျွန်းတိုက်နယ် ချောင်းဝရွာတွင် ပါတီဝင် ၅၆ ဦးနှင့် တွေဆုံကာ နိုင်ငံတော်လုံခြုံရေးအခြေအနေကို ရှင်းပြပြီး ပါတီသတင်း၊ ပါတီစာဂျာနယ် လစဉ်ဝယ်ဖတ်သူနှစ်ဦးကို ကျေးဇူးတင်ကြောင်းပြောပြီး အမှတ်တရ ရင်ထိုးတံဆိပ်များနှင့်အင်္ကျီများ လက်ဆောင်ပေးဝေခဲ့ပါသည်။
အေးချမ်းသူတို့စံပျော်ရာ သွေးလှူရှင်အသင်း လပတ်အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီတက်ရောက် ငွေလှူဒါန်း
မအူပင် ဇူလိုင် ၎
ရွှေဘိုခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရွှေဘိုခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ် ခရိုင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက ရွှေဘို ခရိုင်ပါတီရုံးတွင်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေးက တိုင်း ဒေသကြီးပါတီ၏ လမ်းညွှန်မှုများ အား ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက မိမိတို့မြို့နယ် များ၏ လုပ်ငန်းဆောင်ရွက်ချက် များကို အသီးသီးဆွေးနွေးကြ သည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြီး မွန်းတည့် ၁၂ နာရီ တွင် အစည်းအဝေးပြီးမြောက် ခဲ့ကြောင်း သိရသည်။
ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုဆုများချီးမြင့်
ရှမ်းပြည်နယ် ( အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၄ •၇•၂၀၁၈)ရက်၊ဗုဒ္ဓဟူးနေ့ ၊နံနက်(၁၀:၀၀)နာရီ အချိန်တွင် (အ•ထ•က)ကျောင်း၂(၀၁၇-၂၀၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား / သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးတို့မှ တတ်ရောက်ခဲ့ကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ