ပြည်ခိုင်ဖြိုးပါတီ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး မီဒီယာနှင့်.ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်ခန်းစာပို့ချ

 

၁၂-၇-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နေပြည်တော်ရုံးတွင် ဖွင့်လှစ်လျက်ရှိသည့် “”နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း”” အမှတ်စဉ် (၅) သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ၊ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဌာနတာဝန်ခံ ဦးပိုက်ထွေးမှ မီဒီယာနှင့် ပြည်သူလူထုဆက်သွယ်ရေးနည်းစံနစ်များကို အကျယ်တဝင့်သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။


ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ အလှူငွေများလှူဒါန်းပြီး ကမ်းပြိုပြောင်းရွှေ့မိသားစုများအား ပံ့ပိုးကူညီမှုများ ပေးအပ်

 

ရန်ကုန် ဇူလိုင် ၁၂

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမိသားစုမှ ယမန်နေ့နံနက်ပိုင်း တွင် မကွေးတိုင်းဒေသကြီး မင်း ဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ မရိုးကုန်း ကျေးရွာ မရိုးကုန်းကျောင်းတိုက် ရှိ ဆရာတော်ဥူးနန္ဒိယထံ ရွာ ထောင်ဘုရားကြီးပြုပြင်ရန် အလှူ ငွေများ လှူဒါန်းခဲ့ပြီး ရေးဘေး သင့်ဒဏ်ကြောင့် ကမ်းပါးပြိုကာ ပြောင်းရွှေ့ရသော ပြည်သူများကို ခင်မင်ရင်းနှီးစွာ အားပေးကာ တစ်အိမ်ထောင်လျှင် ဘုရားတစ် ဆူစီနှင့် ထောက်ပံ့ငွေများ ၊ အဝတ် အထည်များနှင့် အစားအစာများ ကို သွားရောက်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥတ္တရသီရိမြို့နယ်နှင့်ရပ်/ကျေးကော်မတီတွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဥတ္တရသီရိ မြို့နယ်နှင့် ရပ်/ကျေးပါတီကော် မတီဝင်များ လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု နယ်မြေပါတီအတွင်းရေးမှူးဦးဌေး ဝင်း၊ နေပြည်တော်ပါတီခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဥတ္တရသီရိမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းလွင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် နေပြည်တော်ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ပြည်ထဲရေးနှင့် လ၀က အရာရှိကြီးများကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်

ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေး မှူးချုပ် အဆင့်နှင့် အထက်အရာရှိကြီးများ ကို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ပိတ် ပင်ရန် အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက ဇူလိုင်  ၁၀ ရက်တွင်ထုတ်ပြန်ကြေညာသည်။

၂၁ ရာစု ပင်လုံဖွင့်ပွဲသို့ ညီလာခံကိုယ်စားလှယ်များအပါအဝင် လူဦးရေ ၁,၀၀၀ ကျော် တက်ရောက်

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အရ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ညီလာခံ ကိုယ်စားလှယ်များအပါအဝင် လူ ၁,၂၀၀ ကျော် တက်ရောက်သည်။

တပ်မတော်ခေါင်းဆောင်များနှင့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ တွေ့ဆုံဆွေးနွေး NCA လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးမှုပါဝင်ကြောင်း တပ်မတော်ထုတ်ပြန်

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်  မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ကို နှစ်စုခွဲ၍ သီးခြားစီ လက်ခံတွေ့ဆုံ သည်။

‘၀’အဖွဲ့ (UWSA)၊ ကချင် အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအ ဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)နှင့် ရခိုင်အဖွဲ့ (AA)မြောက် ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)ဟူ၍ စုဖွဲ့ထားရာ ယင်းစုဖွဲ့မှုကို အစိုးရနှင့်တပ်မတော်က အသိအ မှတ်မပြုသေးပေ။

မြန်မာအပေါ်ပိတ်ဆို့အရေးယူဖို့ အမေရိကန်လွှတ်တော်ကို ၄၆ ဖွဲ့တိုက်တွန်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာ့တပ်မတော် အရာရှိတွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူရေးအတွက် ဥပဒေသစ်တရပ် ချမှတ်ပြဋ္ဌာန်းဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၄၆ ဖွဲ့က အမေရိကန်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် လူ့အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ရေး ဆက်လက်ကူညီမည်ဟု ကမ္ဘာ့ဘဏ်အတည်ပြု

 

မြန်မာနိုင်ငံတွင်ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းတည်ဆောက်ရေးစီမံကိန်းကိုအကောင်အထည် ဖော်ပြင်ဆင်ရန် ကမ္ဘာ့ဘဏ်ကကန်ဒေါ်လာ သန်း ၂၅၀ အထိ ကူညီမည်ဟု ယမန်နေ့တွင် သတင်း ထုတ်ပြန် သည်။ အဆိုပါ စီမံကိန်းအတွက် အဓိကကျသည့် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြေခံကျသည့် လူမှုဝန်ဆောင်မှုများနှင့် ရုပ်ပိုင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ရပ်ရွာအသိုင်းအဝိုင်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်မည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။