ဇူလိုင် ၃၁
မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဌများ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ပါတီဝင်များက ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများဆက်ကပ် လှူဒါန်ခြင်း၊ တရားတော်များ နာယူခြင်းတို့ အား ညီညာဖျဖျ ဆောင်ရွက်ခဲ့ကြသည်။
ဇူလိုင် ၃၁
မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဌများ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ပါတီဝင်များက ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများဆက်ကပ် လှူဒါန်ခြင်း၊ တရားတော်များ နာယူခြင်းတို့ အား ညီညာဖျဖျ ဆောင်ရွက်ခဲ့ကြသည်။
(၃၁.၇.၂၀၁၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈)ခုနှစ်အတွက် (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေးစုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၁၈)ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၂၄၃၅)ဦးအတွက် ပါတီနှစ်စဉ်ကြေး(၂၄၃၅၀၀၀ိ/-)အား တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်ပါတီများအနေဖြင့် ယခု(ဒုတိယ)အကြိမ်အထိ ပါတီဝင်ပေါင်း(၅၇၈၈)ဦးအတွက် ပါတီဝင်နှစ်စဉ်ကြေး(၅၇၈၈၀၀၀ိ/-)အားပေးသွင်းပြီးဖြစ်ကြောင်းသိရှိရပါသည်။ ထို့နောက် တိုင်း/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသည့် ၂၀၁၇/၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီကော်မတီဝင်အဆင့်ဆင့်တို့၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား (၃၁.၇.၂၀၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးပါတီရုံးခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့်၎င်းတို့၏မိဘများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုများပေးအပ်ခဲ့ကာ (၆)ဘာသာဂုဏ်ထူးရှင်မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် တစ်ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊နှစ်ဘာသာဂုဏ်ထူးရှင်(၅)ဦး၊သုံးဘာသာဂုဏ်ထူးရှင်(၅)ဦး၊လေးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ငါးဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့်ခြောက်ဘာသာ ဂုဏ်ထူးရှင်(၁)ဦး စုစုပေါင်း(၃၅)ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။
( 31 – 7 – 2018) နံနက် ( 10:30 ) အချိန်တွင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးအိမ်တွင်းမှုသင်တန်းဆင်းပွဲ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင်ကော်မတီဝင် ဦးရန်နိုင်ရွှေ၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းဇော်လတ်နှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဇူလိုင် ၃၁ ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဆဋ္ဌမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက် ၉:၃၀ အချိန်တွင်
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများခဲ့ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားနာကြားခြင်း၊ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များနှင့်ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့သည်။
ဘီးလင်း၊ ဇူလိုင် ၃၀
မဘိမ်း ဇူလိုင် ၃ဝ
မဘိမ်းမြို့နယ် လဝါကျေးရွာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်း ရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးသန်းမြတ်စိုး၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းချစ်၊ လဝါကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာရှိ သင်္ကန်းအလှူရှင်များ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်း ဇူလိုင် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ပြည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ရွှေသည် ကော်မတီဝင်ဦးစောအောင်ပွင့်၊ မြို့နယ် ကော်မတီဝင်ဦးသိန်းÓဏ်၊ ထင်းဇင်အုပ်စုပါတီဥက္ကဋ္ဌ ဦးမျိုးဆွေတို့ နှင့်အတူ ယမန်နေ့က ကမ္မကြီး၊နန်ကတိတ်၊ နန်းခေါက်ခေါက်ကျေး ရွာများသို့ သွားရောက်ကာ ပါတီဝင်များနှင့်တွေ့ဆုံသည်။ခရိုင်ပါတီ ဥက္ကဋ္ဌက လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီအကြီးအကဲ များဆောင်ရွက်ချက်များ၊ ပါတီရေးရာကိစ္စများကို ရှင်းလင်းပြော ကြားပြီး ဒေသခံပါတီဝင်များ၏ မေးမြန်းချက်များ၊ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကို ပြန်လည်ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပဲခူး ဇူလိုင် ၃ဝ
ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခခံစားနေရသော အဝိုင်းကျေးရွာနှင့် ဘုရားကြီးမြို့ရှိ ရေဘေးသင့်ပြည်သူများထံသွားရောက်ပြီး ရေသန့်ဘူး နှင့် ခေါက်ဆွဲခြောက်များထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် ကလိကျေးရွာ တွင် ရေကြီးနစ်မြုပ်နေသော အိမ်ခြေပေါင်း ၆ဝဝ ကျော်အား ခေါက်ဆွဲခြောက်များ အိမ်တိုင်ရာရောက်လိုက်လံပေးအပ် လှူဒါန်း ခြင်း၊ ဘုရားကြီးမြို့ ရပ်ကွက်ကြီး (၁)ရေဘေးသင့်ပြည်သူများအား ရေသန့်ဘူးများလှူဒါန်းခြင်း၊ကယ်ဆယ်ရေးစခန်းတွင် နာမကျန်းဖြစ် နေသူ သုံးဦးအား အလှူငွေများပေးအပ်ခြင်းများပြုလုပ်ကြသည်။
ကနီ ဇူလိုင် ၃ဝ
ကနီမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌဦးကျန်ထွန်းနှင့် ကော်မတီဝင်များသည် ကနီမြို့ နယ်၊ ကနဲကျေးရွာ ပါတီဥက္ကဋ္ဌ နေအိမ်၌ ရပ်/ကျေး ကော်မတီဝင် များ၊ ရပ်မိ/ရပ်ဖများနှင့်သွား ရောက် တွေ့ဆုံခဲ့သည်။