တိုင်းဒေသကြီးပါတီကော်မတီဝင်နှင့်ခရိုင်ပါတီဥက္ကဋ္ဌတို့ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲတက်ရောက်

 

ရန်ကုန် ဇူလိုင် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်စည်းရုံးရေးနယ်မြေသို့ ပါတီဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် (နယ်မြေ တာဝန်ခံ)ဒေါက်တာကျော်စိုးနှင့် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်တို့သည် ယခုလ ၁၅ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံးသို့ရောက်ရှိပြီး လူ ငယ်ညီလာခံ(၂ဝ၁၈)အတွေ့အကြုံ ရှင်းလင်းပွဲနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်တားဆီးကာကွယ်ရေး အဘိတ်ဆေးခတ်၊ ခြင်ဆေးမှုတ် ခြင်းလုပ်ငန်းများကို တက်ရောက် အားပေးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလံသစ်တင်ပွဲအခမ်းအနားဗန်းမော်မြို့၌ကျင်းပ

 

ကချင် ဇူလိုင် ၁၇

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက နိုင်ငံတော်အလံနှင့် ပါတီအလံသစ်တင်ပွဲအခမ်းအနား ကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးရှေ့၌ ကျင်းပခဲ့ရာ ခရိုင်ပါတီကော်မတီဝင် (ဗန်းမော် မြို့နယ်တာဝန်ခံ ) ဦးဇော်မင်းရင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစောမိုးကျော် နှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ အောင်ပြည်သာ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဝင် များ စုစုပေါင်း ၅ဝ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်များမှ ပါတီဝင်များနှင့်တွေ့ဆုံ

 

မြောင်းမြခရိုင် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးနှင့်ပါတီရုံးခန်းမ ၌ကျင်းပသော အစည်း အဝေးတွင် ဗဟိုအတွင်း ရေးမှူးဦးသန်းထွန်း၊ တိုင်း ဒေသကြီး အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့် မြောင်းမြ ခရိုင်၊လပွတ္တာခရိုင်အတွင်း ရှိ မြို့နယ်များ၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော် မတီဝင်များနှင့် ယနေ့ နံနက် ၉ နာရီတွင်တွေ့ဆုံ ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

NCA လက်မှတ်မထိုးထားသည့် အဖွဲ့များနှင့် အလားအလာကောင်းများ ရရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေမည့် အလားအလာကောင်းများ ရရှိခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

နာဂ NSCN ( K) အန်စီအေ လက်မှတ်ထိုးရေး မဖြစ်နိုင်သေး

အစိုးရနဲ့ တဖွဲ့ချင်း အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( k ) ဟာ အန်စီအေ နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးကြောင်း နာဂတပ်ဖွဲ့ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။ နာဂဒေသဟာ ငြိမ်းချမ်းနေပြီ ဒေသဖွံ့ဖြိုးရေးကိုပဲ နေပြည်တော်ခရီးစဉ်မှာ ဆွေးနွေးဦး မှာဖြစ်တယ်လို့ နာဂ အဖွဲ့မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ၂၁ ပင်လုံ အစည်းအဝေး တက်ရင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

၂၁ ရာစုပင်လုံ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးက အတည်ပြုသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍလေးရပ်မှ သဘော တူညီချက် ၁၄ ချက် ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၂) အဖြစ် ချုပ်ဆိုခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

ဖရူဆို – ဇူလိုင် ၁၇

ကျိုက်‌ထိုမြို့နယ်‌ ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

 

ကျိုက်ထို၊ ဇူလိုင် ၁၆

ကျိုက်‌ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိုးရာသီကာလ ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဇူ‌လိုင် (၁၆) ရက်နေ့တွင် ပျဉ်းကတိုးကုန်းကျေးရွာ ၊ ကျောက်တန်းလေးကျေးရွာ၊ အထက်ကမ်းနီကျေးရွာ ၊အောက်ကမ်းနီကျေးရွာများမှ စာသင်ကျောင်းများနှင့် ဘုန်း‌တော်ကြီး‌သင်ပညာရေးကျောင်းကို ခြင်‌‌ဆေးဖျန်းခြင်း‌လုပ်‌ငန်းများ ‌ဆောင်‌ရွက်‌ခဲ့ပါသည်‌။


မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပြည်ခိုင်ဖြိုးပါတီ ခရိုင်ရုံးအစည်းအဝေး၌ ဇူလိုင် (၁၆) ရက် (၂၀၁၈) ရက်နေ့ နံနက် (၁၁) နာရီ ပါတီလုပ်ငန်များ ဆွေးနွေးဆောင်ရွက်ကြပါသည်။
ယင်းအစည်းအဝေးသို့  မုံရွာခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီများ၊ ခရိုင်တွင်းရှိ ချောင်းဦမြို့နယ်၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။